Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ပဲရစ်မှာ တော်ဝင်မင်းသမီးလေးတစ်ပါး လိုနေထိုင်ခဲ့ရတ မာရိုင်းဟ်ကာရေး

ပဲရစ်မှာ တော်ဝင်မင်းသမီးလေးတစ်ပါး လိုနေထိုင်ခဲ့ရတ မာရိုင်းဟ်ကာရေး

| No comment


အဆိုတော်မလေး Mariah Carey (မာရိုင်းဟ်ကာရေး)ဟာ ပြင်သစ်နိုင်ငံ ပဲရစ် မြို့ မှာ နန်းမြိုးနန်းနွယ် တော်ဝင် မင်းသမီး တစ်ယောက် လိုနေထိုင်ခဲ့တယ်လို့ မီဒီယာ တွေက ဖော်ပြလာကြပါတယ်။ သူမဟာ ပဲရစ်မြို့ရဲ့  အမှတ်အသားဖြစ်တဲ့ အီဖယ်လ်တာဝါကို မျက်နှာမူထားတဲ့ အလှပဆုံး ဟိုတယ်မှာ တည်းခိုခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

ထို ဟိုတယ်ကနေ တွေ့ရတဲ့ မြင်ကွင်းဟာ ပဲရစ်မြို့ အတွက် သိပ်ကို တန်ဖိုးရှိလှပါတယ်။ ဈေးလည်း မသက်သာလှပါဘူး။

မာရိုင်းဟ်ကာရေးနဲ့ သူမရဲ့  ခင်ပွန်းလောင်း ဂျိမ်းစ်ပတ်ကာတို့ဟာ ပဲရစ်မြို့ရဲ့ ဈေးအကြီးဆုံး Plaza Athenee ဟိုတယ်မှာ သူမတို့ရဲ့  ဥရောပ ခရီးစဉ်အတွင်း သွားရောက်တည်းခိုခဲ့ကြပြီး ဈေးအကြီးဆုံး အခန်းအမျိုးအစားမှာ တည်းခိုခဲ့တာပဲဖြစ်ပါတယ်။

ထိုဟိုတယ်ခန်းရဲ့  တစ်ည ကျသင့်ငွေဟာ ယူရိုငွေ ၁၄၀၀၀ ခန့်ရှိပြီး အမေရိကန် ဒေါ်လာနဲ့ဆိုရင်တော့ ဒေါ်လာ ၁၆၀၀၀ ခန့် တန်ဖိုးရှိပါတယ်။

Mariah တို့စုံတွဲဟာ ထိုအခန်းမှာ ၅ ည တိတိ တည်းခိုခဲ့တာပဲ ဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံးအဆိုတော်တစ်ယောက်ဟာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ယောက်နဲ့ စေ့စပ်လိုက်တဲ့အခါမှာတော့ နန်းမျိုးနန်းနွယ် တော်ဝင်မင်းသမီး တစ်ယောက် သဖွယ် ဖြစ်ခဲ့ရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror