Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , မိုင်လီဆိုင်းရပ်စ်က လီယမ်ဟမ်းစ်ဝတ်သ်နဲ့ ပြန်လည်ရွှေလက်တွဲဖွယ်ရှိ

မိုင်လီဆိုင်းရပ်စ်က လီယမ်ဟမ်းစ်ဝတ်သ်နဲ့ ပြန်လည်ရွှေလက်တွဲဖွယ်ရှိ

| No comment


အဆိုတော်မလေး Miley Cyrus (မိုင်လီဆိုင်းရပ်စ်)ကတော့ အခုနောက်ပိုင်းမှာ ထူးထူးဆန်းဆန်းတွေ သိပ်မလုပ်တော့ဘဲ အိနြေ္ဒကြီးနဲ့ ပြန်ငြိမ်နေပြန်ပါတယ်။

သူ့ရဲ့ နှလုံးသားရေးရာက ယောက်ယက်ခတ်နေတဲ့အချိန်မှာ စိတ်ထင်ရာလျှောက်လုပ်ခဲ့တဲ့ပုံပေါ်ပါတယ်။ အခုဆိုရင်တော့ သူမရဲ့နှလုံးသားရေးရာ ပြန်လည်တည်ငြိမ်ပြီဖြစ်တယ်လို့ ကောလဟလတွေ ထွက်ပေါ်လာပြန်ပါတယ်။

ဒီလိုသတင်းတွေထွက်လာရတာကတော့ အသက် ၂၃ နှစ်အရွယ် မိုင်လီဟာ ပြတ်စဲခဲ့တဲ့ ရည်းစားဟောင်း မင်းသားချော Liam Hemsworth (လီယမ်ဟမ်းစ်ဝတ်သ်) ရဲ့ စေ့စပ်လက်စွပ်ကို ပြန်လည် ဝတ်ဆင်ထားခဲ့လို့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က နယူးယော့ခ် ဘတ်စကတ်ဘောပွဲတစ်ခုမှာ မိုင်လီဟာ စေ့စပ်လက်စွပ်ကို ဝတ်ဆင်ထားတာတွေ့ရပြီး နောက်ထပ် Instagram  ဓာတ်ပုံတစ်ခုမှာလည်း သူမက ဒီစေ့စပ်လက်စွပ်ကို ဝတ်ဆင်ထားခဲ့တာပါ။



စေ့စပ်လက်စွပ်ကို ပြန်လည်ဝတ်ဆင်ထားတဲ့ မိုင်လီဆိုင်းရပ်စ်


မိုင်လီဘက်ကတော့ အခုလိုဒုတိယအကြိမ် စေ့စပ်မှုကို ပြုလုပ်တယ်လို့ သတင်းထွက်လာပြီး လီယမ်ကတော့ မတ်လ ၃၁ ရက်နေ့က အင်တာဗျူးမှာ မစေ့စပ်ရသေးဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။ မိုင်လီဆိုင်းရပ်စ်ကတော့ လာမယ့်နွေရာသီအတွင်းမှာတော့ လက်ထပ်ပွဲကျင်းပချင်နေတယ်လို့ သူမရဲ့အမေဖြစ်သူကို ပြောပြခဲ့တယ်လို့လည်း သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Dailymail