ကြော်ငြာမော်ဒယ်လ် တစ်ယောက်လည်း ဖြစ်တဲ့ သရုပ်ဆောင် Katie Price (ကေတီပရိုက်စ်) ဟာ Loose Women ဆိုတဲ့ အစီအစဉ်မှာ ပါဝင်လာခဲ့ပါတယ်။ အဲဒီ အစီအစဉ်မှာတော့ ကေတီပရိုက်စ်က သူမ နဲ့ အတူတူ အိပ်ခဲ့ဖူးတဲ့ ယောကျာင်္းအရေအတွက် ကို ပွင့်လင်းစွာ ပြောပြခဲ့ပါတယ်။
သူမပြောပြခဲ့တဲ့ သူမနဲ့အိပ်ခဲ့ဖူးတဲ့ ယောကျာင်္း အရေအတွက်ကတော့ ၁၀ ယောက် လို့ သိရပါတယ်။ သူမအနေနဲ့ အတူအိပ်ခဲ့ဖူးတဲ့ ယောကျာင်္း အရေအတွက်ကို လက်ချိုးရေ လို့ ရနေသေးတယ်လို့လည်း ၀န်ခံထားပါသေးတယ်။
နောက်ထပ်လည်း သူမနဲ့ အစီအစဉ် တင်ဆက်သူတို့ဟာ ကလေးငယ်တွေအတွက် ပထမဆုံး ရည်းစားစ,ထားသင့်တဲ့အသက်အရွယ် ကို ဆွေးနွေးခဲ့ရာမှာတော့ သူမက အသက် ၁၆ နှစ်ပြည့်မှသာ ရည်းစားထားသင့်တယ်လို့ ပြောပြလာပါတယ်။
သူမကို သူမလည်း ဖွံ့ဖြိုးမှုနောက်ကျသူတစ်ယောက် အဖြစ်သတ်မှတ်ထားတယ်လို့ ပြောပြခဲ့သလို သူမ အနေနဲ့ အပျိုစင်ဘ၀ ကို စွန့်လွှတ်ခဲ့ရတာကတော့ သူမရဲ့  အသက် ၁၆ နှစ်ပြည့်မွေးနေ့မှာ ဖြစ်တယ်လို့ ဖွင့်ဟ ပြောပြလာပါတယ်။
“ကျွန်မက ဖွံ့ဖြိုးတာ နောက်ကျပါတယ်။ ကျွန်မ အမေကလည်း အမြဲပြောခဲ့ပါတယ် နင့်အသက် ၁၆ မပြည့်ခင် အပျိုစင်ဘ၀ မဆုံးရှုံးစေနဲ့လို့ပေါ့။ အဲဒါကြောင့် East 17 ဖျော်ဖြေပွဲတစ်ခုရဲ့ အပြီး ကျွန်မရဲ့ အသက် ၁၆ နှစ်ပြည့်မွေးနေ့မှာ ကျွန်မရဲ့ အပျိုစင်ဘ၀ကို ဆုံးရှုံးခဲ့ရပါတယ်” လို့ Katie Price က ဆိုပါတယ်။
( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Metro