Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ဆလီနာဂိုးမက်ဇ်နဲ့ ချာလီပုသ်တို့ အချစ်ရေးကောလဟလတွေကို ဒေါကန်နေတဲ့ ဂျက်စတင်ဘီဘာ

ဆလီနာဂိုးမက်ဇ်နဲ့ ချာလီပုသ်တို့ အချစ်ရေးကောလဟလတွေကို ဒေါကန်နေတဲ့ ဂျက်စတင်ဘီဘာ

| No comment


ပြီးခဲ့တဲ့သတင်းတွေအရ Selena Gomez (ဆလီနာဂိုးမက်ဇ်) က Justin Bieber (ဂျက်စတင်ဘီဘာ)ကို နောက်ထပ်အခွင့်အရေးပေးဖို့ အလိုရှိခဲ့ပါတယ်။ဒါပေမယ့် သတင်းရင်းမြစ်တွေအရ  “ံHands to Myself”သီချင်းပိုင်ရှင် အဆိုတော်မလေးဟာ Charlie Puth(ချာလီပုသ်) နဲ့ထူးခြားတဲ့ ဆက်ဆံရေးတွေရှိနေပြီး JBကတော့ ဒီသတင်းတွေနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေတယ်လို့ ဆိုပါတယ်။

Hollywoodlife.comကတော့ JB ဟာ ဆလီနာနဲ့ ချာလီ တို့ဒိတ်လုပ်တဲ့ ကောလဟာလသတင်းတွေကြားပြီးနောက်မှာ ဒေါသထွက်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

Bieberက Selenaနဲ့ Charlieတို့ကြားထဲက ဆက်ဆံရေးကို မုန်းတီးနေပြီး Selenaကို အဆိုပါကောလဟာလတွေအကြောင်းကိုမေးဖို့ ဖုန်းတွေခေါ်ခဲ့တယ်လို့ အတွင်းသိတွေက ဆိုကြပါတယ်။

Bieberဟာ Selenaကို သူရဲ့ဘ၀မှာ မပိုင်ဆိုင်ရတဲ့ အကြောင်းရင်းတွေဖြစ်တဲ့ သူရဲ့အမှားတွေနဲ့ တာဝန်မကျေမှုတွေကိုတော့ ၀န်မခံခဲ့ပါဘူး။
အခြားသတင်းတွေကတော့ Selenaနဲ့Charlieတို့ရဲ့ဆက်ဆံရေးက ပုံမှန်ပဲဖြစ်ပြီးတော့ Selenaက Bieberကို သ၀န်တိုအောင်လုပ်နေတာလို့ဆိုပါတယ်။

ဒါ့အပြင် Selena ကBieberဒီလိုဖြစ်မယ်ဆိုတာ ခန့်မှန်းထားပုံရပြီး သူမကိုသ၀န်တိုတာကို
သဘောကျနေတယ်လို့ဆိုပါတယ်။

နောက်ထပ်သတင်းတစ်ခုကတော့ Selenaနဲ့ Charlieတို့ဟာ ၂၀၁၅ သြဂုတ်လမှာ ပြုလုပ်ခဲ့တဲ့  MTV  Video Music Awardsကတည်းကရင်းနှီးခဲ့တယ်လို့ဆိုပါတယ်။

Selenaဟာ Charlieရဲ့ “Nine Track Mind” အယ်လ်ဘမ်အတွက် “We Don’t Talk Anymore” ဆိုတဲ့သီချင်းကို စုံတွဲသီဆိုခဲ့ပါတယ်။ ဒါ့အပြင် Charlie Puth က ဒီနှစ်နွေရာသီမှာပြုလုပ်မယ့် Selenaရဲ့  Tourမှာ ပါဝင်ဖို့မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

(Beauty  Syh)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : aceshowbiz