Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အာရွန်ကာတာက သူ့ရဲ့စတိုင်ကို ဂျက်စတင်ဘီဘာက ခိုးယူထားတယ်လို့ စွပ်စွဲ

အာရွန်ကာတာက သူ့ရဲ့စတိုင်ကို ဂျက်စတင်ဘီဘာက ခိုးယူထားတယ်လို့ စွပ်စွဲ

| No comment


၁၉၉၀ ပြည့်နှစ်တွေတုန်းကတော့ ပေါ့ပ်သီချင်းတွေနဲ့ နာမည်ကျော်လာခဲ့တဲ့ Aaron Carter (အာရွန်ကာတာ)က Instagram စာမျက်နှာပေါ်မှာ attention seeker လုပ်လိုက်ပြန်ပါတယ်။ အခုကာလမှာ ကမ္ဘာကျော် အောင်မြင်မှုတွေကို ရရှိနေတဲ့ အဆိုတော် Justin Bieber (ဂျက်စတင်ဘီဘာ)ဟာ သူ့ရဲ့ စတိုင်တွေကို ခိုးယူထားခဲ့တယ်လို့ စွပ်စွဲလိုက်တာဖြစ်ပါတယ်။

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ အာရွန်ကာတာဟာ Instagram မှာ ဆံပင်ရွှေဖြူရောင်နဲ့ ခေါင်းစည်းအပြာရောင်ကိုစည်းပြီး သီချင်းဆိုနေတဲ့ သူ့ရဲ့ ဓာတ်ပုံကို ဂျက်စတင်ဘီဘာက ခေါင်းစည်းအဖြူရောင်နဲ့ သီချင်းဆိုနေတဲ့ ဓာတ်ပုံကို တင်ထားခဲ့တာဖြစ်ပြီး ဒီလိုစတိုင်ဟာ သူ့ရဲ့ Trade mark တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ဒ့ါကြောင့် ဂျက်စတင်ဘီဘာဟာသူ့ရဲ့ စတိုင်ကို ခိုးယူနေတယ်လို့ ပရိသတ်တွေကို ချပြလိုက်တာလည်းဖြစ်ပါတယ်။ ဒါကိုတော့ အာရွန်ရဲ့ ပရိသတ်တွေက ထောက်ခံခဲ့ကြပြီး “အာရွန် မင်းက သူ့ထက်အများကြီးတော်ပါတယ်။ မင်းကိုနှစ်သက်တယ်” “အာရွန်မင်းကမှ ပထမဆုံး ဘီဘာတစ်ယောက်ပါပဲ”  အစရှိသဖြင့်ရေးသားခဲ့ကြပါတယ်။

ဒီလိုမျိုး အာရွန်ရဲ့ စွပ်စွဲမှုဟာ ပထမဆုံး မဟုတ်ခဲ့ဘဲ ၂၀၁၂ ခုနှစ်အတွင်းက ဂျက်စတင်ဘီဘာရဲ့ “Beauty and a Beat” သီချင်းဗီဒီယို ထွက်ရှိလာတဲ့အချိန်မှာ အာရွန်က ဒီဗီဒီယိုကို ကြည့်လိုက်တာ ကျွန်တော့်ရဲ့ “Aaron’s Party” သီချင်းကိုတောင်အမှတ်ရစေတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Aceshowbiz