ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေရရှိနေတဲ့ Kendall Jenner (ကန်ဒဲလ်ဂျင်နာ) နဲ့ Kylie Jenner (ကိုင်လီဂျင်နာ) ညီအစ်မနှစ်ယောက်ကတော့ သူတို့ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ် “Kendall+Kylie” အတွက် ဘစ်ကနီဓာတ်ပုံကြော်ငြာကို ကိုယ်တိုင်မော်ဒယ်လုပ်ရိုက်ကူးခဲ့ကြတယ်လို့ သိရပါတယ်။
ဒီလိုသတင်းတွေထွက်ရှိလာရတာဟာဆိုရင်တော့ ကိုင်လီဂျင်နာဟာ Snapchat နဲ့ Instagram တို့မှာ ကြော်ငြာရိုက်ကူးနေတဲ့ ပုံရိပ်တွေကို မျှဝေခဲ့လို့ပဲဖြစ်ပါတယ်။
ကိုင်လီဂျင်နာဟာ အဝါရောင် “Kendall+Kylie” အမှတ်တံဆိပ် ဘစ်ကနီနဲ့ မှန်ရှေ့မှာ ရိုက်ထားတဲ့ ဓာတ်ပုံကို Instagram စာမျက်နှာမှာ တင်ထားခဲ့ပြီး ဆွဲဆောင်မှုအားကောင်းလှတဲ့ ဓာတ်ပုံဖြစ်ခဲ့ပါတယ်။
“Kendall+Kylie ရဲ့ ရေကူးဝတ်စုံလေးတွေအတွက် ဓာတ်ပုံကြော်ငြာလေးတွေရိုက်နေတယ်။ မကြာခင်လာပါတော့မယ်”လို့ ပုံမှာ အညွှန်ုးတပ် ရေးသားခဲ့ပါတယ်။ နောက်တစ်ပုံမှာတော့ ကိုင်လီဟာ ရွှေရောင် ဘစ်ကနီဝတ်စုံလေးနဲ့ လှပနေခဲ့ပြန်ပါတယ်။
ကိုင်လီဂျင်နာဟာဆိုရင်တော့ ကိုယ်ပိုင်အမှတ်တံဆိပ် နှုတ်ခမ်းနီကိုလည်း ထုတ်လုပ်ထားပြီးဖြစ်ပြီး အောင်မြင်မှုတွေ အတော်လေးကိုရရှိခဲ့ပါတယ်။
( Paing A K )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Aceshowbiz