Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အိမ်ထောင်သက်လေးနှစ်နီးပါးမှာ ကွာရှင်းတော့မယ့် ဒရူးဘယ်ရီမိုးနဲ့ ၀ီလ်ကိုပယ်မန်း

အိမ်ထောင်သက်လေးနှစ်နီးပါးမှာ ကွာရှင်းတော့မယ့် ဒရူးဘယ်ရီမိုးနဲ့ ၀ီလ်ကိုပယ်မန်း

| No comment


အိမ်ထောင်သက်လေးနှစ်တာနီးပါးကာလကို ဖြတ်သန်းပြီးတဲ့နောက်မှာတော့ မင်းသမီး Drew Barrymore (ဒရူးဘယ်ရီမိုး) နဲ့  သူမရဲ့ခင်ပွန်း အနုပညာအတိုင်ပင်ခံ ၀ီလ်ကိုပယ်မန်းတို့ဟာ သူတို့ရဲ့ အိမ်ထောင်ရေးကို အဆုံးသတ်တော့မှာဖြစ်ပါတယ်။

People Magazineကတော့ ဒီသတင်းကအမှန်ဖြစ်ပြီး အခြားသတင်းတွေအမြောက်အမြားကလည်းဆိုပါတယ်။

အတွင်းသိတစ်ယောက်ကတော့သူတို့ဟာလက်ထပ်မှုကို ငြင်းဆန်ချက်တွေအတွက်ပဲ လုပ်ခဲ့တာဖြစ်ပြီး ဘယ်မှာနေရမလဲဆိုတဲ့ဖိအားတွေရှိနေတယ်လို့ဆိုပါတယ်။

နာမည်ကျော်စုံတွဲနဲ့သူတို့ရဲ့ကလေးတွေဖြစ်တဲ့ ၃နှစ်အရွယ် အိုလစ် ဘယ်ရီမိုး ကိုပယ်မန်းနဲ့ တစ်နှစ်အရွယ် ဖရန်ကီ ဘယ်ရီမိုး ကိုပယ်မန်းတို့ဟာ လက်ရှိ မက်ဟက်တန်မှာနေထိုင်ကြပေမယ့် ဒရူးဘယ်ရီမိုးကတော့ သူမရဲ့ဇာတိ ကယ်လီဖိုးနီးယားကိုပြောင်းရွေ့နေချင်ပါတယ်။

အခြားသတင်းတစ်ခုကတော့ သူတို့မှာ အခက်အခဲတွေရှိနေပေမယ့်ကလေးတွေအတွက်ကြောင့်
ဒီတိုင်းရှေ့ဆက်နေတယ်လို့ The New York Post ကိုပြောကြားခဲ့ပါတယ်။

မိသားစုနဲ့နီးစပ်သူတစ်ဦးကတော့ “ဒရူးမှာ အလွန်ကြမ်းတမ်းပြီး ပုန်ကန်ထကြွတဲ့ငယ်ဘ၀ရှိခဲ့တယ် သူမရဲ့ဘေးမှာ မိသားစုလည်း မရှိခဲ့ဘူး သူမက အရမ်းခြားနားတဲ့လူတစ်ယောက်ဖြစ်ခဲ့တယ် ဒါပေမယ့်အခုချိန်မှာတော့ သူမက အမေကောင်းတစ်ယောက်ဖြစ်နေပြီ”လို့ ဆိုပါတယ်။
The Postကတော့ နာမည်ကျော်စုံတွဲရဲ့ ကိုယ်စားလှယ်တွေက ကွာရှင်းမယ့်သတင်းနဲ့ပတ်သက်ပြီး မှတ်ချက်ချဖို့ငြင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒရူးဘယ်ရီမိုးဟာ အရင်က အရက်ဖျော်စပ်သူ ဂျဲရမီသောမတ်စ် နဲ့နှစ်လလောက်လက်ထပ်ခဲ့ပြီးနောက်မှာတော့ ဟာသသရုပ်ဆောင် တွမ် ဂရင်းန်နဲ့ ငါးလလောက်အထိ လက်ထပ်ပေါင်းသင်းခဲ့ပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com


Ref :UPI