Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အရက်သောက်ပြီး ကားမောင်းခဲ့တဲ့အတွက် ယာဉ်တိုက်မှုဖြစ်ပွားပြီး တရားစွဲခံခဲ့ရတဲ့ တူလီဆာ

အရက်သောက်ပြီး ကားမောင်းခဲ့တဲ့အတွက် ယာဉ်တိုက်မှုဖြစ်ပွားပြီး တရားစွဲခံခဲ့ရတဲ့ တူလီဆာ

| No comment


အဆိုတော် Tulisa Contostavlos (တူလီဆာ ကွန်တိုစတက်ဗ်လို့စ်) ဟာ အရက်သောက်ပြီး ကားမောင်းခဲ့တဲ့အတွက် ဖရာရီကားတစ်စင်းကို ၀င်တိုက်ခိုက်မိခဲ့ပါတယ်။

X Factorရဲ့ ဒိုင်ဟောင်းဖြစ်တဲ့ တူလီဆာဟာ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလတုန်းက မြောက်လန်ဒန်မှာရှိတဲ့ Southgate မီးရထားဘူတာရုံရဲ့ အပြင်ဘက်မှာ အန္တရာယ်ဖြစ်စေတဲ့ ကားမောင်းမှုအတွက် တရားစွဲခံခဲ့ရပါတယ်။

အဆိုပါ အမှုဟောင်းအတွက် အသက် ၂၇နှစ်အရွယ် တူလီဆာကို Hinghbury  Corner Magistratesရဲ့တရားရုံးမှာ ချိန်းဆိုခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ ကြယ်ပွင့်ဖြစ်သူ တူလီဆာဟာ ဖရာရီကားကို သူမရဲ့ဆွီဒင်ထုတ် ဆပ်ဘ်ကားနဲ့
ဝင်ရောက်တိုက်မိခဲ့တဲ့အတွက် ထပ်မံအဖမ်းခံခဲ့ရပါတယ်။

မြို့တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ တူလီဆာဟာ မတ်လ၇ရက်နေ့မှာ စွဲချက်တင်ခံရမယ်လို့ ဆိုပါတယ်။

သူကဆက်လက်ပြီး“ဒီအမျိုးသမီးဟာ ၂၀၁၅ စက်တင်ဘာ ၁၀ရက်နေ့တုန်းကလည်း Southgate မီးရထား ဘူတာရုံအပြင်ဘက်မှာ ဖြစ်ခဲ့တဲ့ယာဉ်တိုက်မှုအတွက် တရားစွဲခြင်းနဲ့ယာဉ်မောင်းလိုင်စင် သိမ်းတာတွေကိုပါ ခံထားရပါတယ်”လို့ဆိုပါတယ်။

ဒါ့အပြင် သူမဟာ Aprilလ ၄ရက်နေ့တုန်းက Hinghbury Corner Magistratesတရားရုံးကို ဒဏ်ကြေးဆောင်ဖို့
ရောက်လာခဲ့တယ်လို့ဆိုပါတယ်။

(Beauty Syh)


#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror