Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Chrissy Teigen နဲ့ John Legend တို့က သမီးငယ်လေးရဲ့ ပထမဆုံး ဓါတ်ပုံကိုပြသခဲ့

Chrissy Teigen နဲ့ John Legend တို့က သမီးငယ်လေးရဲ့ ပထမဆုံး ဓါတ်ပုံကိုပြသခဲ့

| No comment

Chrissy Teigen နဲ့ ခင်ပွန်းဖြစ်သူ John Legend တို့က ပရိသတ်တွေအတွက် သမီးငယ်လေးရဲ့ဓါတ်ပုံကို ဗုဒ္ဓဟူးနေ့က ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့ပါတယ်။


အသက် ၃၀ အရွယ် မော်ဒယ်လ်နဲ့ ၃၇ နှစ်အရွယ် အဆိုတော်တို့ဟာ သမီးငယ်လေး Luna ရဲ့ ဓါတ်ပုံလေးကို Instagram မှာ Teigen က အသဲပုံမျက်လုံးလေးတွေနဲ့ Emoji အရုပ်ကလေးနဲ့ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

Teigen နဲ့ Legend တို့ဟာ သမီးလေးကို ဧပြီလ ၁၄ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပြီး Luna ရဲ့ မျက်နှာပုံလေးကို ဖော်ပြထားခဲ့တာဖြစ်ပါတယ်။

 “ ဆုတောင်းပေးခဲ့ကြတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ အရမ်းပျော်ပြီး အရမ်းလည်း စိတ်လှုပ်ရှားနေကြပါတယ်။ ဘာပြောရမှန်းတောင် မသိတော့ပါဘူး” လို့ လည်း Teigen က ထပ်လောင်းရေးသားထားပါတယ်။
Teigen နဲ့ Legend တို့ဟာ ၂၀၀၇ ခုနှစ်ကတည်းက တွဲခဲ့ကြတာဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI