ဩစတြေးလျနိုင်ငံသား တေးရေး တေးဆို Cody Simpson က သူ့ရဲ့ပုံတူဖယောင်းရုပ်ထုနှင့်အတူ Florida မြို့က ပြတိုက်မှာ
ဂုဏ်ယူစွာဓာတ်ပုံရိုက်ခံခဲ့ပြီး “ပုံတူဖယောင်းရုပ်ထုက လူအစစ်ထက်ပိုမိုက်ပါတယ်” လို့ရေးသားပြီး Instagram မှာတင်ခဲ့ပါတယ်။
ဆက်လက်ပြီး “ဒါဟာ အလွန်အံ့အားသင့်စရာကောင်းတဲ့ ဂုဏ်ပြုမှုတစ်ခု၊ အလွန်အရေးပါတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီး ကျွန်တော်ကြီးပြင်းလာရင်နဲ့
မျှော်မှန်းထားတာထက်တောင် အများကြီးသာလွန်နေပါသေးတယ်။
အားလုံးရဲ့ကျေးဇူးကြောင့် ဒီအတွေအကြုံတွေဟာ အစစ်အမှန်ဖြစ်လာတာပါ။ ဆက်လက် တီထွင်ဖန်တီးသွားပါ့မယ်။ စကားလုံးတွေနဲ့ မဖော်ပြနိုင်လောက်အောင် စိတ်လှုပ်ရှားမိပါတယ်။” လို့ရေးသားထားပါတယ်။ ပုံတူဖယောင်းရုပ်အပြင် Cody Simpson ဟာ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Surfers Paradise album အပါအဝင် Billboard 200 မှာ ၅ ကြိမ်ဝင်ရောက်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ Free album ကို ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်တဲ့ Coast House Record မှထုတ်ဝေခဲ့ပါတယ်။
( RII )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Billboard