Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ဂီဂီဟာ့ဒစ် (Gigi Hadid)က ဇေန်မာလစ် (Zayn Malik)ရဲ့ နဖူးကို Vogue Magazine အတွက် ဓာတ်ပုံရိုက်နေစဉ်မှာ နမ်းခဲ့

ဂီဂီဟာ့ဒစ် (Gigi Hadid)က ဇေန်မာလစ် (Zayn Malik)ရဲ့ နဖူးကို Vogue Magazine အတွက် ဓာတ်ပုံရိုက်နေစဉ်မှာ နမ်းခဲ့

| No comment

ဂီဂီဟာ့ဒစ် နဲ့ ဇေန် မာလစ်တို့ဟာ Vogue Madazineအတွက် ဓာတ်ပုံအရိုက်ခံနေစဉ်မှာတောင် လက်တွဲမဖြုတ်ကြပါဘူး။

လျှောက်လမ်းပေါ်က အလှပဂေးမော်ဒယ်လ် ဂီဂီနဲ့ သူမရဲ့ချစ်သူ One Direction အဖွဲ့သားဟောင်း ဇေန်တို့ဟာ အီတလီဖက်ရှင် ဓာတ်ပုံရိုက်ကွင်း တစ်ခုမှာ Mario Testino နဲ့ ဓာတ်ပုံအရိုက်ခံနေစဉ် တွေ့ခဲ့ရတာဖြစ်ပါတယ်။
 
ပုံတွေထဲက တစ်ပုံမှာ ဂီဂီက အိပ်ယာပေါ်မှာ ပက်လက်လှန်နေတဲ့ ဇေန်ရဲ့ မျက်နှာပေါ်ကနေ ကင်းမြှီးကောက်ထောင်နေတဲ့ပုံစံမျိုးကို တွေ့မြင်ရမှာဖြစ်ပါတယ်။အဆိုပါပုံမှာ ဂီဂီဟာ အဖြူနဲ့အနီကွက် ဘီကီနီကိုဝတ်ဆင်ထားပြီး ဇေန်ကတာ့ ရိုးရိုးတီရှပ်အဖြူကို ၀တ်ဆင်ထားခဲ့ပါတယ်။

အခြားတစ်ပုံမှာတော့ ဇေန်က သားရေကုတ်အကျနဲ့မော်တော်ဆိုင်ကယ်စီးနေစဉ်မှာ အနီရောင်ဘောင်းဘီကို ၀တ်ဆင်ထားတဲ့ သူရဲ့ချစ်သူ ဂီဂီက ဆိုင်ကယ်နောက်ခုံမှာထိုင်ပြီး သူနဲ့ခါးကို နောက်ကနေ ဖက်ထားပုံကို ရိုက်ကူးထားပါတယ်။

နောက်တစ်ပုံမှာ တော့ Naplesရဲ့နောက်ခံအလှရှုခင်းတွေကို ကျောပေးထားပြီး လေသာခန်းမှာ
တစ်ယောက်နဲ့တစ်ယောက်ပွေ့ဖက်နေကြပုံတွေပါဝင်ခဲ့ပါတယ်။

(Beauty Syh)
သစ်ထူးလွင် (နာမည်ကြီးပုဂ္ဂိုလ်များ) 
#celebrity.thithtoolwin.com
 
Ref;Aceshowbiz