Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ကိုင်လီဂျင်နာရဲ့ ကောက်ကြောင်းအလှကို ဖော်ပြထားတဲ့ Instagram ဓာတ်ပုံများ

ကိုင်လီဂျင်နာရဲ့ ကောက်ကြောင်းအလှကို ဖော်ပြထားတဲ့ Instagram ဓာတ်ပုံများ

| No comment











Kylie Jenner (ကိုင်လီဂျင်နာ)ကတော့ အသက် ၁၈ နှစ်သာရှိသေးပေမယ့်လည်း သူမရဲ့ ကောက်ကြောင်းနဲ့ ခန္ဒာကိုယ်အလှတွေက ၁၈ နှစ်လို့ မထင်ရအောင်ကို လှပလွန်းနေပါတယ်။


“Keeping Up With the Kardashians” တီဗွီအစီအစဉ်ရဲ့ ညီအစ်မငါးယောက်ထဲမှာ အငယ်ဆုံးဖြစ်ပေမယ့်လည်း တစ်မူထူးခြားတဲ့ သူမရဲ့ အလှကြောင့် အတော်လေးကို အောင်မြင်မှုရရှိနေသူပါ။




သူမဟာဆိုရင်တော့ ရက်ပ်အဆိုကျော်တစ်ယောက်ဖြစ်တဲ့ Tyga နဲ့ လောလောဆယ်မှာ တွဲခုတ်နေပါတယ်။ သူမကိုတော့ ကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ PacSun , Steve Madden နဲ့ Puma တို့က မော်ဒယ်အဖြစ် စာချုပ်ချုပ်ဆိုထားကြပါတယ်။





၂၀၁၅ စက်တင်ဘာလအတွင်းတုန်းကတော့ သူမဟာ သူမရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်တစ်ခုကို လွှင့်တင်ခဲ့ပြီးပါပြီ။


အစ်မဖြစ်သူ ကန်ဒဲလ်ဂျင်နာနဲ့ ပူးပေါင်းပြီးတော့လည်း “Kendall and Kylie” ဆိုတဲ့ အက်ပလီကေးရှင်းကို ထုတ်လုပ်ခဲ့ရာမှာ Apple ရဲ့ App Store မှာ Download အကြိမ်ရေများလွန်းလို့ အကောင်းဆုံး အက်ပလီကေးရှင်းအခု ၁၀၀ ထဲကို ပါဝင်သွားခဲ့ပါတယ်။



ဆယ်ကျော်သက်တစ်ယောက်အတွက်တော့ အရွယ်နဲ့မလိုက်အောင် အောင်မြင်မှုတွေလည်း ရရှိထားတာဖြစ်ပါတယ်။




( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse