Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ၄ ကားမြောက် Iron Man ဇာတ်ကား ရိုက်ကူးဖွယ်ရှိကြောင်း Robert Downey Jr. ပြောကြား

၎ ကားမြောက် Iron Man ဇာတ်ကား ရိုက်ကူးဖွယ်ရှိကြောင်း Robert Downey Jr. ပြောကြား

| No comment


နောက်တစ်ပတ်ထဲမှာ ထွက်ရှိမည့် Anthony နှင့် Joe Russo တို့ရဲ့ Captain America: Civil War ဇာတ်ကားဟာ Robert Downey Jr. အတွက် Tony Stark အဖြစ်ပါဝင်ခဲ့တဲ့ (၇) ကားမြောက် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ Downey က နောက်နှစ်နွေရာသီမှာ ထွက်ရှိမည့် Spider-Man: Homecoming ဇာတ်ကားမှာလည်း Iron Man အဖြစ်ပါဝင်မှာဖြစ်ကြောင်း အတည်ပြုပြီးသွားပါပြီ။

Civil War ဇာတ်ကားအတွက် ABC သတင်းဌာနရဲ့ သတင်းပို့ချက်အရ အကယ်မီဆုစကာတင်စာရင်း နှစ်ကြိမ်ဝင်ခဲ့တဲ့ Downey က Iron Man 4 ဇာတ်ကားကို ကြည့်ရှုရဖွယ်ရှိကြောင်း ပြောခဲ့ပါတယ်။

“ကျွန်တော် တစ်ကားလောက်တော့ ထပ်ရိုက်နိုင်သေးတယ်လို့ ခံစားရပါတယ်” လို့ Iron Man 4 ဇာတ်ကားရဲ့ ဖြစ်နိုင်ခြေကိုမေးတဲ့အခါမှာ Downey က ပြောပါတယ်။ Iron Man 4 ဇာတ်ကားဖြစ်နိုင်ခြေရှိတယ်ဆိုတာနှင့် သေချာပေါက်ဖြစ်မယ်လို့တော့ပြောလို့မရပါဘူး။

၂၀၁၄ ခုနှစ်တုန်းကလည်း Downey က Iron Man 4 ဇာတ်ကားကို ရိုက်မယ်လို့ The Ellen DeGeneres Show မှာပြောကြားခဲ့ပါတယ်။

နောက်ပိုင်းမှ Iron Man 4 ဇာတ်ကားလို့ သေချာပေါက်ပြောတာမဟုတ်ဘဲ Civil War ဇာတ်ကားမှာ ပြန်ပါမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။



( RII )






#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Comingsoon