Kendall
Jenner (ကန်ဒဲလ် ဂျီနာ)နဲ့ Harry Styles (ဟာရီ စတိုင်လ်)တို့ရဲ့ ကြားက ဆက်ဆံရေးအရာတွေဟာ
ပြန်လည်ပူနွေးလာပုံပါပဲ။
အသက် ၂၀အရွယ်
မော်ဒယ်လ် ကန်ဒဲလ် နဲ့ One Directionအဖွဲ့ဝင် ဟာရီတို့ကို April ၈ရက်နေ့က လော့အိန်ဂျလိစ်မှာ
အတူတကွတွေ့ခဲ့ရတဲ့အခါ သူတို့ရဲ့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။
ယခုနှစ်အစောပိုင်းက
St.Bartsမှာ ထွက်ခဲ့တဲ့ အားလပ်ရက်ခရီးမှာ သက်တောင့်သက်သာနဲ့ ဓာတ်ပုံရိုက်ခံခဲ့ပြီးနောက်
တွဲခုတ်နေပြီဆိုတဲ့ ကောလဟာလတွေထွက်လာခဲ့တဲ့ နာမည်ကျော် စုံတွဲဟာ မြို့ထဲမှာ အတူလမ်းလျှောက်ပြီးဈေးဝယ်ထွက်လာခဲ့တာဖြစ်ပါတယ်။
Kylie
Jenner(ကိုင်လီ ဂျီနာ)ရဲ့ ညီမဖြစ်သူ ကန်ဒဲလ်ဟာ ဂျင်းပျော့ကုတ်နဲ့ လိုက်ဖက်ညီတဲ့ ဘောင်းဘီကို
အနက်ရောင် bootဖိနပ်နဲ့ ၀တ်ဆင်ထားပြီး သူမရဲ့နောက်က အ၀ါရောင် တီရှပ်နဲ့အနက်ရောင် ဘောင်းဘီကို
လည်ရှည်bootနဲ့ တွဲဖက် ၀တ်ဆင်ထားတဲ့ အဆိုတော် ဟာရီကို လှည့်ပြီး စကားပြောနေခဲ့တာဖြစ်ပါတယ်။
ဟာရီတို့
စုံတွဲဟာ သူတို့ရဲ့ ဆက်ဆံရေးကို ဘယ်တော့မှ အတည်ပြုလေ့မရှိပါဘူး။ဒါပေမယ့် ကန်ဒဲလ်ရဲ့
အစ်မ Khloe Kadashian(ကလိုး ကာဒါရှန်)ကတော့ သူတို့တွဲခုတ်နေတာ ယုံကြည်တယ်လို့ဆိုပါတယ်။
“သူတို့ တွဲခုတ်နေတယ်လို့
ထင်လား”ဆိုတဲ့ မေးခွန်းကို ကလိုးကာဒါရှန်က “ထင်တယ်”လို့ ပြန်ဖြေခဲ့ပါတယ်။
ဒါ့အပြင်
သူမက “သူတို့တွေ ဒိတ်လုပ်နေတာလို့ ပြောချင်တယ် ဒါပေမယ့် သူတို့တွေက ဘာလဲဆိုတာ ကျွန်မ
မသိဘူး”လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း
ပြီးခဲ့တဲ့ လက ကန်ဒဲလ်ဟာ ဘက်စကက်ဘော ကစားသမား Jordan Clarkson (ဂျော်ဒန် ကလက်ဆန်)နဲ့
နာမည်ကျော်တွေ စုံစည်းရာ အနောက်ဟောလီးဝုဒ်က The Nice Guy မှာ တွဲခုတ်ခဲ့ကြပါတယ်။မျက်မြင်
သက်သေတစ်ဦးကတော့ ဂျော်ဒန်နဲ့ကန်ဒဲလ်ရဲ့ အကြည့်တွေက စူးရှနေပြီး နှစ်ယောက်သား အကြည်ဆိုက်နေခဲ့တယ်လို့ဆိုပါတယ်။
(Beauty
Syh)
သစ်ထူးလွင် (နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
သစ်ထူးလွင် (နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref;Aceshowbiz