Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ‘Kingsman: The Secret Service’ ရဲ့ နောက်ဆက်တွဲဇာတ်လမ်းအတွက် အမည်ကြေညာ

‘Kingsman: The Secret Service’ ရဲ့ နောက်ဆက်တွဲဇာတ်လမ်းအတွက် အမည်ကြေညာ

| No comment


အရင်နှစ်ကထွက်ခဲ့တဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ စပိုင်ဇာတ်လမ်းရဲ့ နောက်ဆက်တွဲဇာတ်လမ်းဟာ ၂၀၁၇ ခုနှစ်မှာထွက်ရှိမှာဖြစ်ပြီး Halle Berry နှင့် Julianne Moore တို့ပါဝင်မှာဖြစ်ပါတယ်။

မထင်မှတ်ပဲနှင့် ၂၀၁၅ ခုနှစ်ရဲ့အောင်မြင်ခဲ့တဲ့ ရုံတင်ဇာတ်ကားဟာ နိုင်ငံတကာမှာ ဒေါ်လာ ၄၀၀ မီလီယံကျော် ဝင်ငွေရရှိခဲ့ပြီး အင်္ဂလိပ်မင်းသား
Taron Egerton ကို နာမည်ကျော်စေခဲ့ပြီး နောက်ဆက်တွဲ ဇာတ်လမ်းဆက်ရိုက်ဖို့သေချာစေခဲ့တာဖြစ်ပါတယ်။

20th Century Fox က ‘Kingsman: The Secret Service’ ရဲ့ နောက်ဆက်တွဲဇာတ်လမ်းအတွက် အမည်ကို ကြေညာလိုက်ပါပြီ။
Egerton နှင့် Mark Strong တို့ကပြန်လည်ပါဝင်မှာဖြစ်ပြီး လူသစ်တွေအဖြစ် Halle Berry နှင့် Julianne Moore တို့ပါဝင်မှာဖြစ်ကြောင်း ဒါရိုက်တာ Matthew Vaughn က စိတ်လှုပ်ရှားစရာကောင်းတဲ့ စပိုင်ဇာတ်လမ်းနှင့် ပတ်သက်ပြီး Empire မဂ္ဂဇင်းကို ပြောပြပါတယ်။ ဇာတ်ကားအမည်ကိုတော့ ‘The Golden Circle’ လို့ပေးထားပါတယ်။

“ဒီဇာတ်ကားကို ကျွန်တော်ရိုက်ချင်သလား မရိုက်ချင်ဘူးလား သေချာမသိခဲ့ပါဘူး။ ကျွန်တော်က ဗီလိန်နဲ့ပတ်သက်ပြီး စိတ်ပူခဲ့တာပါ။
စပိုင်ဇာတ်ကားတွေဆိုတာ ဗီလိန်ကောင်းမှ ကောင်းတာလေ။ တစ်နေ့မှာ အိပ်ယာနိုးတော့ ဇာတ်လမ်းအကြမ်းထည်နှင့် ဗီလိန်အတွက်
ဇာတ်ကွက်ရရှိခဲ့ပါတယ်။” လို့ ဒါရိုက်တာကပြောပြခဲ့ပါတယ်။

‘The Golden Circle’ ဇာတ်လမ်းအသေးစိတ်ကိုတော့ မသိရသေးပေမယ့် Egerton ရဲ့Eggsy က Berry ဦးဆောင်လှုပ်ရှားနေတဲ့ U.S က စပိုင်တွေဖြစ်တဲ့ TheStatesmen ကိုရောက်ရှိပြီး Moore ရဲ့ဗီလိန် Poppy ကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။

Vaughn ပြောပြသွားတဲ့ ဇာတ်ဝင်ခန်းတွေထဲမှာ လူစွမ်းကောင်းတွေက နီကျင့်ကျင့် ဝက်အူချောင်းကြီးရဲ့တိုက်ခိုက်ခံရတာလည်းပါ ပါတယ်။
ဒီဇာတ်ကားကို U.S တွင် ၂၀၁၇ ခုနှစ် ဇွန်လ ၁၆ ရက်မှာ ရုံတင်မှာဖြစ်ပါတယ်။


( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com


Ref :  Hollywoodreporter