Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Leonardo Dicaprioနဲ့ Lingrie မော်ဒယ်လ် Chelsey Weimarတို့ တွဲခုတ်နေကြပြီလား

Leonardo Dicaprioနဲ့ Lingrie မော်ဒယ်လ် Chelsey Weimarတို့ တွဲခုတ်နေကြပြီလား

| No comment




ဆုပေးပွဲရာသီပြီးဆုံးသွားတဲ့အခါမှာတော့ လီယိုနာဒို (Leonardo Dicaprio)ရဲ့ အော်စကာဆုထက် သူ့ရဲ့ အချစ်ရေးကို လူတွေစိတ်ဝင်စားနေကြပြန်ပါပြီ။တိုက်တန်းနစ် ကြယ်ပွင့် လီယိုနာဒိုဟာ Victoria's Secret (ဗစ်တိုးရီးယားစီးခရက်) ရဲ့မော်ဒယ်လ် Chelsy Weimar (ချယ်လ်ဆီ ဗိုင်းမား)နဲ့တွဲခုတ်နေကြတယ်လို့ သတင်းတွေကဆိုပါတယ်။
 
New York Postရဲ့ ပထမဆုံးPage Sixကတော့ အဆိုပါသတင်းကိုရှင်းပြခဲ့ပါတယ်။လီယိုနာဒိုနဲ့ချယ်လ်
ဆီတို့ဟာ Nobu Malibuကနေ အတူတကွထွက်လာခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် New York Post ဆိုက်ရဲ့ သတင်းထောက်တွေက အသက်၂၀အရွယ် မော်ဒယ်လ် ချယ်လ်ဆီဟာ လီယိုရဲ့လော့အိန်ဂျလိစ်မှာရှိတဲ့ နေအိမ်မှာ ရိုက်ထားတဲ့ပုံကို အင်စတာဂရမ်မှာ တင်ခဲ့တယ်လို့ သိရပါတယ်။

နောက်အတွင်းသိ သတင်းပေးသူတစ်ယောက်ကတော့ အဆိုပါအချစ်ရေး သတင်းကို ငြင်းဆန်ခဲ့ပါတယ်။
အဆိုပါ အတွင်းသိကတော့ “ဒါက မမှန်ကန်ပါဘူး လီယိုက အချိန်တွေကို တစ်ဦးတစ်ယောက်နဲ့မှ မဖြုန်းချင်ပါဘူး”လို့ အသက် ၄၁နှစ်အရွယ် လီယိုနဲ့ပတ်သက်ပြီး ဆိုပါတယ်။

လီယိုဟာ ယခင်ကလည်း Gisele Bundchen ၊Bar Refaeli ၊Erin Heathertonနဲ့ Kelly Rohrbachအပါအ၀င် မော်ဒယ်လ်တော်တော်များများနဲ့ အချစ်ဇာတ်လမ်းတွေရှိခဲ့ဖူးပါတယ်။ဒါ့အပြင် မင်းသမီး Blake Lively နဲ့လည်းဇာတ်လမ်းတွေရှိခဲ့ပါသေးတယ်။

(Beauty Syh)
သစ်ထူးလွင် (နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref;aceshowbiz