တရုတ် အဆိုတော် နှင့် သရုပ်ဆောင် LuHan က တရုတ်နိုင်ငံ၊ ဘေကျင်းမြို့မှာ ကျင်းပခဲ့တဲ့ 2016 LuHan Reloaded China Tour ဖျော်ဖြေပွဲမှာ
လူဦးရေအများဆုံး သမင်ဦးချို တပ်ဆင်ထားတဲ့ဘီးကုပ်ကို ဝတ်ဆင်မှုမှာပါဝင်ဖို့ ပရိသတ်တွေကို ဖိတ်ခေါ်ခဲ့ပြီး နောက်မှာ Guinness
World Record မှာ ဒုတိယအကြိမ်မြောက် စံချိန်တင်ခဲ့တာဖြစ်ပါတယ်။
လူပေါင်း (၁၇၃၁) ယောက်က တစ်ချိန်တည်းမှာ သမင်ဦးချို တပ်ဆင်ထားတဲ့ဘီးကုပ်ကို ဝတ်ဆင်ခဲ့တာကြောင့် ဒီဖျော်ဖြေပွဲမှာ
စံချိန်သစ်တင်ခဲ့တာဖြစ်ပါတယ်။
ဒီလူပေါင်းများစွာပါဝင်ဆင်နွှဲခြင်းကို Dong Cheng က စစ်ဆေးဆုံးဖြတ်ပေးခဲ့တာဖြစ်ပြီး အောင်မြင်ကြောင်းအတည်ပြုတဲ့အနေနှင့် LuHan ကို တရားဝင်အထောက်အထားလက်မှတ် ချီးမြှင့်ပေးခဲ့ပါတယ်။ ဒီစံချိန်တင်ဖို့အထူးတလည် ရွေးချယ်ရခြင်းအကြောင်းရင်းကတော့ သူ့ရဲ့
မျိုးနွယ်အမည် ‘Lu’ ဆိုတာ တရုတ်ဘာသာစကားအရ ‘သမင်’ လို့အဓိပ္ပာယ်ရလို့ဖြစ်ပါတယ်။
ဒါဟာ LuHan အတွက်တော့ မှတ်တမ်းစာအုပ်မှာ ပါဝင်ခဲ့တာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ LuHan ရဲ့ Weibo post မှာ comments
ပေးသူအများဆုံး စံချိန်ကို နှစ်ကြိမ် ချိုးနိုင်ခဲ့ပါတယ်။ စက်တင်ဘာလ ၁၀ ရက် ၂၀၁၂ ခုနှစ်မှာ LuHan ရဲ့အကြိုက်ဆုံး ဘောလုံးအသင်းဖြစ်တဲ့ English Premier League ရဲ့ Manchester United အသင်း အကြောင်းရေးထားတဲ့ post မှာ comments ပေါင်း (၁၃,၁၆၃,၈၅၉)
ခုရှိခဲ့တာကြောင့် စံချိန်တင်ခဲ့တာဖြစ်ပါတယ်။
စက်တင်ဘာလ ၂ ရက် ၂၀၁၅ ခုနှစ်မှာတော့ တူညီတဲ့ post မှာပဲ
မယုံနိုင်လောက်အောင် comments ပေါင်း (၈၇,၀၈၈,၇၄၆)ခုတိုးပွားလာတာကြောင့် တုံ့ပြန်ချက်ပေါင်း (၁၀၀,၂၅၂,၆၀၅) ခုရှိနေပြီး
ဆက်လက်တိုးပွားနေဆဲဖြစ်နေတာဟာ အဆိုတော်၊အက နှင့် သရုပ်ဆောင် LuHan ရဲ့ ကြီးထွာလာတဲ့အောင်မြင်မှုရဲ့ သက်သေဖြစ်ပါတယ်။
( RII )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : guinnessworldrecord