Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Maleficent 2, Jungle Book2 နှင့် ဇာတ်ကားသစ်များစွာထွက်ရှိရန် Disney တရားဝင်ကြေညာ

Maleficent 2, Jungle Book2 နှင့် ဇာတ်ကားသစ်များစွာထွက်ရှိရန် Disney တရားဝင်ကြေညာ

| No comment

ဒါရိုက်တာ Jon Favreau ရဲ့ The Jungle Book ဇာတ်ကားက Domestic box office မှာ ဒုတိယအပတ်အဖြစ် နှစ်ပတ်ဆက်တိုက် နံပါတ် ၁ နေရာကိုရောက်ရှိနေချိန်မှာ Walt Disney Picture က နောက်ထပ်အသစ်ထွက်ရှိမည့် Live-action Fairytale
ဇာတ်ကားစာရင်းကို ထုတ်ပြန်လိုက်ပါတယ်။

စာရင်းအသစ်နှင့်အတူ အတည်ပြုလိုက်တဲ့ စီမံကိန်းတွေလည်းပါလာပါတယ်။ အတည်ပြုလိုက်တဲ့ ဇာတ်ကားသစ်တွေထဲမှာ Favreau ရိုက်ကူးမည့် နောက်ထပ် Jungle Book ဇာတ်ကား နှင့် Angelina Jolie ကပြန်လည်ပါဝင်မည့် Maleficent 2 တို့ပါဝင်ပါတယ်။
Jungle Book နောက်ဆက်တွဲဇာတ်ကားကို Justin Marks က ဇာတ်ညွှန်းရေးသားမှာဖြစ်ပြီး Maleficent 2 ကိုတော့  Linda Woolverton က
ဇာတ်ညွှန်းရေးသားမှာဖြစ်ပါတယ်။

လက်ရှိအချိန်ဇယားအရ James Bobin ရဲ့ Alice In Wonderland ရဲ့အဆက်ဖြစ်တဲ့ Alice Through the Looking Glass က မေလ ၂၇ရက်မှာ ရုံတင်မှာဖြစ်ပါတယ်။

David Lowery ရဲ့ ပြန်လည်ဆန်းသစ်ထားတဲ့ Petes’ Dragon ကတော့ ဩဂုတ်လ ၁၂ ရက်မှာ ရုံတင်မှာဖြစ်ပြီး အားလုံးမျှော်လင့်စောင့်စားနေတဲ့ Bill Condon ရဲ့ Beauty and the Beast live-action ကတော့ ၂၀၁၇ ခုနှစ် မတ်လ ၁၇ ရက်မှာ
ရုံတင်မှာဖြစ်ပါတယ်။

အဲ့ဒီရက်တွေပြီးတဲ့ နောက်ပိုင်းမှာတော့ ဇာတ်ကားနာမည်တွေအတိအကျ မကြေညာရသေးပေမယ့် အရင်က ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၂ရက်မှာ ရုံတင်ဖို့ကြေညာထားတဲ့ Live-action Fairytale ဇာတ်ကားကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၈ ရက်မှာ ရုံတင်မှာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ဧပြီလ ၆ရက်မှာ Fairytale တစ်ကား၊ ဩဂုတ်လ ၃ ရက်နှင့် ဒီဇင်ဘာလ ၂၅ ရက်မှာ Live-action နှစ်ကားအပါအဝင် ဇာတ်ကား ၃ ကားထွက်ရှိမှာပါ။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်မှာတော့ နောက်ထပ် Live-action Fairytale
တစ်ကားထွက်ရှိမှာပါ။

Jungle Book2 နှင့် Maleficent 2 တို့အပြင် Disney က ထွက်ရှိမည့် Live-action ဇာတ်ကားကတော့ Emma Stones က 101 Dalmatians ထဲက ဗီလိန်အဖြစ်သရုပ်ဆောင်ပြီး Kelly Marcel ကဇာတ်ညွှန်းရေးမည့် Cruella ဇာတ်ကားဖြစ်ပါတယ်။ Madeleine L’Engle ရဲ့ဝတ္ထုကို Jennifer Lee ကဇာတ်ညွှန်းရေးပြီး Ava DuVernay ရိုက်ကူးမည့် A Wrinkle in Time ဇာတ်ကား။

John Requa နှင့် Glenn Ficarra တို့ဇာတ်ညွှန်းရေးပြီး Dwayne Johnson ပါဝင်သရုပ်ဆောင်မည့် Jungle Cruise ဇာတ်ကား။ Ehren Kruger
ကဇာတ်ညွှန်းရေးပြီး Tim Burton ရိုက်ကူးမည့် Dumbo ဇာတ်ကား။ Emily Blunt နှင့် Lin-Manuel Miranda တို့ပါဝင်သရုပ်ဆောင်ပြီး Rob Marshall ရိုက်ကူးမည့် Mary Poppins နောက်ဆက်တွဲဇာတ်ကား။ Ashleigh Powell ဇာတ်ညွှန်းရေးပြီး Lasse Hallstrom ရိုက်ကူးမည့် The Nutcracker and the Four Realms ဇာတ်ကား။

နောက်ဆုံးမှာတော့ Victoria Strouse ဇာတ်ညွှန်းရေးပြီး Reese Witherspoon  က Tinker Bell အဖြစ်သရုပ်ဆောင်မည့်
အမည်မပေးရသေးတဲ့ဇာတ်ကားတို့ပါဝင်ပါတယ်။


( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com


Ref : commingsoon