Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အသက် ၃၁ နှစ်အရွယ် Porn သရုပ်ဆောင် အမ်ဘာရိန်း သေဆုံး

အသက် ၃၁ နှစ်အရွယ် Porn သရုပ်ဆောင် အမ်ဘာရိန်း သေဆုံး

| No comment


အသက် ၃၁နှစ်အရွယ် ရှိပြီဖြစ်တဲ့ porn သရုပ်ဆောင် Amber Rayne (အမ်ဘာရိန်း )ဟာ သူမရဲ့နေအိမ်မှာ သေဆုံးနေတာကို တွေ့ရှိခဲ့ရပါတယ်။

Pornထုတ်လုပ်ရေးမှာ ဆယ်နှစ်ကျော်လောက် ကျင်လည်လုပ်ကိုင်ခဲ့တဲ့ ရုပ်ရှင်စတားဟာ သူမရဲ့ လော့အိန်ဂျလိစ်က နေအိမ်မှာ အိပ်နေရင်း သေဆုံးနေတာဖြစ်တယ်လို့ AVNက ဆိုပါတယ်။

သူမရဲ့သေဆုံးမှု အကြောင်းအရာတွေကို တိတိကျကျမသိရသေးပေမယ့် စနေနေ့ည ဒါမှမဟုတ် တနင်္ဂနွေနေ့ မနက်မှာ သေဆုံးတယ်လို့ ယူဆရပါတယ်။

သူမရဲ့ လုပ်ဖော်ကိုင်ဖက် ဒါရိုက်တာ စတုန်းမီ ဒန်နီရယ် (Stormy Daniels)က “သူမက တကယ်သူငယ်ချင်းကောင်းတစ်ယောက်ပါ ပြီးတော့ ကျွန်မ အလုပ်လုပ်တဲ့အခါ စိတ်ကျေနပ်မှုကို ပေးနိုင်တဲ့ အကောင်းဆုံးသရုပ်ဆောင်တွေထဲက တစ်ယောက်ပါ သူမနဲ့ အလုပ်လုပ်ရမယ်လို့ကျွန်မကြားရတဲ့အခါတိုင်း ၀မ်းသာမိတယ် သူမကို သူငယ်ချင်းလို့ပဲ အမြဲခေါ်ပါတယ်”လို့ဆိုပါတယ်။

စတုန်းမီက Rayneရဲ့ သေဆုံးမှုကို Rayneရဲ့အမေထံကနေ သိခဲ့ရတယ်လို့ တွစ်တာမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။သူမကဆက်လက်ပြီး “Rayne ရဲ့အမေ မနေ့က ကျွန်မကို ခေါ်ပြောခဲ့ပါတယ်။ကျွန်မ သူ့မိသားစုကို Rayneရဲ့ မြင်းနဲ့ပတ်သက်ပြီးတော့လည်း စီစဉ်စရာရှိတာတွေ စီစဉ်ပေးခဲ့တယ်”လို့ ဆိုပါတယ်။

Rayneဟာ Pornသရုပ်ဆောင် James Deen (ဂျိမ်းစ်ဒင်းန်)ရဲ့ ရုပ်ရှင်ရိုက်နေစဉ်မှာ ကိုယ်ထိလက်ရောက်ကျူးလွန်ခံခဲ့ရတဲ့ အမျိုးသမီး ၁၀ယောက်ထဲက တစ်ယောက်လည်းဖြစ်ပါတယ်။

X အဆင့်ရှိ ရုပ်ရှင်ကြယ်ပွင့် Deen က Rayneကို လိင်ဆက်ဆံတဲ့အခန်းကို မရိုက်ကူးခင် လက်သီးနဲ့ ထိုးခဲ့ပြီးခွေးမလို့ခေါ်ခဲ့တဲ့အပြင် ဇာတ်ဝင်ခန်းကို ရိုက်ကူးနေစဉ်မှာလည်း သူမကို သွေးထွက်အောင် ပြုလုပ်ခဲ့တယ် လို့ဆိုပါတယ်။

Deen ကတော့ သူဟာ ပြင်းထန်တဲ့အရာတွေကို ဘယ်တော့မှ မလုပ်ဘူးလို့ငြင်းဆိုပါတယ်။ဒါ့အပြင် စွပ်စွဲချက်တွေက သူရဲ့ရည်းစားဟောင်းတွေ ဒါမှမဟုတ် ရိုက်ကူးနေစဉ်မှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့်သာ ဖြစ်တယ်လို့ဆိုပါတယ်။

“ကျွန်တော်က သရုပ်ဆောင်ပီပြင်ဖို့အတွက်ပဲ အာရုံထားပြီး လိုအပ်တဲ့အခါ တောင်းပန်တယ်”လို့ Deen က ဆိုပါတယ်။

Detroit မြို့က လာတဲ့ Rayne ဟာ လော့အိန်ဂျလိစ်မှာ အခြေချခဲ့ပါတယ်။သူမဟာ ဂီတ ထုတ်လုပ်ရေးနဲ့ B.Aဘွဲ့ရရှိခဲ့ပြီးတော့ ပြဇာတ်အနုပညာနဲ့ အနုပညာသမိုင်းဘွဲ့ကို California State University Los Angeles ကနေ ရရှိခဲ့ပါတယ်။

 Rayneဟာ porn ရုပ်ရှင်တွေမှာ သူမအသက် ၂၀အစပိုင်း ၂၀၀၅မှာ စတင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး သူမရဲ့ တင်ဆက်မှုတွေအတွက် XRCO Award နဲ့ AVN Award for Unsung Starlet of the Yearကို ၂၀၀၉ ခုနှစ်မှာ ရရှိခဲ့ပါတယ်။

Rayne ရဲ့ ၂၀၀၇က အင်တာဗျူးတစ်ခုမှာတော့ “ကျွန်မရဲ့ အလုပ်က လွဲပြီးပုံမှန်နေ့စဉ်မိန်းကလေးတစ်ယောက်လို ခံယူထားတုန်းပါပဲ ။ဂီတက ကျွန်မရဲ့ ကြီးမားတဲ့ ၀ါသနာဖြစ်ပြီးတော့ ကျွန်မရဲ့ အချိန်တော်တော်များများကို ကုန်ဆုံးစေခဲ့ပါတယ်။ကျွန်မရဲ့အချိန်တွေထဲမှာ ကတာ နဲ့ ပြည်တွင်းက အဖွဲ့တွေရဲ့သီချင်းတွေနားထောင်တာတွေ ပါဝင်တယ်”လို့ဆိုခဲ့ပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com


Ref : Mirror