Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , သီချင်းအသစ် “Recognize”အတွက် အတူပူးပေါင်းခဲ့ကြတဲ့ JoJo နဲ့ Skizzy Mars

သီချင်းအသစ် “Recognize”အတွက် အတူပူးပေါင်းခဲ့ကြတဲ့ JoJo နဲ့ Skizzy Mars

| No comment


Skizzy Marsက သူ့ရဲ့ပထမဆုံး single album “Recognize”အတွက် Jo Joနဲ့အတူချိတ်ဆက်ခဲ့ပါတယ်။

Hip-hopနဲ့pop ရောထားတဲ့သီချင်းဟာ သူ့ရဲ့ပွဲဦးထွက် အယ်လ်ဘမ် “Alone Together”မှာ ပါဝင်မယ်လို့ လူငယ် ရက်ပ်ပါ Skizzy Marsက ပြီးခဲ့တဲ့သောကြာနေ့ကဆိုပါတယ်။

“Alone Together”မှာ ပါဝင်ပြီး Micheal Keenanနဲ့P-Lo Readတို့က ထုတ်လုပ်မယ့်သီချင်းကို  JoJoနဲ့အတူတွဲဖက်သီဆိုမှာပါ။

Marsရဲ့  single album “Alone Together”ကို April ၈ရက်နေ့မှာ Altantic Recordsကနေ ဖြန့်ချိမှာဖြစ်ပြီး သူ့ရဲ့ ၂၀၁၅က ထွက်ရှိခဲ့တဲ့ ပထမဆုံး ဓာတ်ပြားခွေ  “The Red Balloon Project”ရဲ့နောက် ထွက်လာတဲ့ အယ်လ်ဘမ်ဖြစ်ပါတယ်။

သူနဲ့အတူပူးပေါင်းခဲ့တဲ့ JoJoကလည်း အယ်လ်ဘမ်အသစ်ထွက်ဖို့အဆင့်သင့်ဖြစ်နေပြီး သူမရဲ့ပထမဆုံး ဓာတ်ပြားကို ဆယ်နှစ်အတွင်းမှာ  ပြီးစီးဖို့နီးကပ်လာနေပါပြီ။

JoJoရဲ့ တွစ်တာက ပို့စ်တစ်ခုမှာတော့ သူမကနောက်ဆုံးသီချင်းကို ရေးတဲ့အခါ သူမငိုနေခဲ့တယ်လို့
ရေးသားခဲ့ပါတယ်။ခံစားချက်တွေ ကြောက်ရွံစိတ်တွေနဲ့ မျက်ရည်တွေကို ကျော်ဖြတ်ပြီး သီချင်းဆိုဖို့
ကြိုးစားခဲ့ရတယ်လို့ဆိုပါတယ်။

 ၂၀၀၆ ကနောက်ဆုံး ထွက်ရှိထားတဲ့ “The High Road”ရဲ့နောက်မှာ
ထွက်ရှိလာမယ့် JoJoရဲ့အဆိုပါ အယ်လ်ဘမ်ထွက်ရှိမယ့်နေစွဲကိုတော့လောလောဆယ်အတိအကျ မသိရသေးပါဘူး။

(Beauty Syh)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com


Ref : aceshowbiz