Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , “Scarlet Heart: Goryeo”ဇာတ်လမ်းတွဲမှာ တော်ဝင်မင်းသားလေးဖြစ်မယ့် EXO အဖွဲ့ဝင် Baekhyun

“Scarlet Heart: Goryeo”ဇာတ်လမ်းတွဲမှာ တော်ဝင်မင်းသားလေးဖြစ်မယ့် EXO အဖွဲ့ဝင် Baekhyun

| No comment


“Scarlet Heart: Goryeo” ဇာတ်လမ်းတွဲကနေ ထွက်ရှိလာတဲ့ ဓာတ်ပုံတွေထဲမှာ EXOအဖွဲ့ဝင် Baekhyun က Goryeo ခေတ်ကာလအတွက် ရိုးရာတော်ဝင်အဆင်တန်ဆာတွေကို ဝတ်ဆင်ထားပါတယ်။

Baekhyun က ၁၀ယောက်မြောက် မင်းသားလေး Wang Eun အဖြစ် ပထမဆုံး ပွဲဦးထွက်ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်မှာဖြစ်ပါတယ်။ Wang Eun က အထက်တန်းကျောင်းသားလေးလို ပြုမူတတ်တဲ့ ပျော်ပျော်နေတတ်တဲ့ ဇာတ်ကောင်ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ရှက်တက်တဲ့စိတ်နှင့်
ခံစားချက်အစစ်အမှန်ကို မဖော်ပြတတ်တာကြောင့် ပျော်ပျော်နေတတ်တဲ့ပုံ ဟန်ဆောင်နေတာသာဖြစ်ပါတယ်။

ဓာတ်ပုံတွေထဲမှာတော့ Baekhyun က စိမ်းပြာရောင်ဝတ်စုံကိုဝတ်ဆင်ထားကာဆံပင်ရှည်ကိုစုပြီး ချည်နှောင်ထားပြီး အဝေးတစ်နေရာကို
တောက်ပစွာပြုံးပြနေပါတယ်။ ဓာတ်ပုံကြီးထဲမှာတော့ Baekhyun က အရင်က ဓာတ်ပုံထွက်ထားပြီးသားဖြစ်တဲ့ Hong Jong Hyun နှင့် Kang HaNeul ရဲ့ဘေးမှာရပ်နေပါတယ်။

တခြား မင်းသားလေး ၄ ယောက်ကိုတော့ နောက်မှာ ဝါးတားတားပဲပြထားပါတယ်။ “သုက သူရဲ့ ထူးခြားတဲ့ပင်ကိုစရိုက်ကို ဇာတ်ကောင်စရိုက်ထဲမှာ ထည့်သွင်းသရုပ်ဆောင်ဖို့ ကြိုးစာနေပါတယ်။ သူက ဝန်ထမ်းတွေရဲ့ အကြံပြုချက်တွေကိုလည်း အမြဲတမ်းနားထောင်ပြီး တက်ကြွနေတာကြောင့် ရိုက်ကွင်းမှာလည်း ပျော်စရာကောင်းပါတယ်” လို့ ဇာတ်လမ်းတွဲရဲ့ ကိုယ်စားလှယ်တစ်ယောက်က ပြောပါတယ်။

“Scarlet Heart: Goryeo” ဇာတ်လမ်းတွဲဟာ တရုတ်ဇာတ်လမ်းတွဲ “Bu Bu Jing Xin” ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။

( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com



Ref : Soompi