Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Spider-Man ဇာတ်ကားသစ်မှာ Marvel က ဇာတ်ကောင်တွေ ပါဝင်လာဖွယ်ရှိ

Spider-Man ဇာတ်ကားသစ်မှာ Marvel က ဇာတ်ကောင်တွေ ပါဝင်လာဖွယ်ရှိ

| No comment

Marvel ဥက္ကဌဖြစ်တဲ့ Kevin Feige ကတော့ Spider-Man ဇာတ်ကားသစ်မှာ Marvel Studios က ဇာတ်ကောင်တွေ ပါဝင်လာမှာဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။

Sony နှင့် Marvel Studios တို့ပူးပေါင်းပြီး Spider-Man ဇာတ်ကားသစ်ကို ရိုက်ကူးဖို့ ကြေညာခဲ့စဉ်က Marvel Cinematic Universe ထဲက ဇာတ်ကောင်တွေကို Spider-Man တစ်ကိုယ်တော်ဇာတ်ကားမှာ ပါဝင်ဖို့ ဆွေနွေးနေကြောင်း ထပ်လောင်းကတိပြုခဲ့ပါတယ်။ ယခုအခါမှာတော့ Marvel Studios ဥက္ကဌ Kevin Feige က EW ကို အတည်ပြုပြောကြားလိုက်ပါတယ်။

“သူကအခု ဒီလောကထဲရောက်လာပြီလေ၊ ဒီလောကရဲ့ ပျော်စရာကောင်းတာက ဇာတ်ကောင်တွေ အသွားအလာလုပ်နိုင်တာပဲ” လို့  Feige ကပြောကြားခဲ့ပါတယ်။

ဘယ်ဇာတ်ကောင်တွေ ဖြစ်မလဲဆိုတာတော့ မသိရသေးပါဘူး။ လာမယ့် Captain America: Civil War ဇာတ်ကားထဲမှာ Spider-Man က Tony Stark နှင့်ပူးပေါင်းမှာဖြစ်ပါတယ်။ ဒါပေမယ့် အထူးသဖြင့် Spider-Man က Captain America ရဲ့ ဒိုင်းကို လူတွေရှေ့မှာ လုယူသွားပြီးတဲ့နောက်မှာတော့ Captain America လည်းပါဝင်နိုင်ခြေရှိပါတယ်။

Tom Holland က Aunty May အဖြစ် Marisa Tomei နှင့် နောက်ထပ်ဇာတ်ဆောင် တစ်ဦးဖြစ်တဲ့ Michelle အဖြစ် Zendaya တို့နှင့်အတူ တစ်ကိုယ်တော် Spider-Man ဇာတ်ကား မရိုက်ကူးခင်မှာ Spider-Man အဖြစ် Captain America: Civil War ဇာတ်ကားထဲမှာ ပွဲဦးထွက်ပါဝင်မှာဖြစ်ပါတယ်။

ဒါရိုက်တာ Jon Watts ရိုက်ကူးမယ့် Spider-Man တစ်ကိုယ်တော်ဇာတ်ကားကို Vacation ကိုရေးသား ရိုက်ကူးခဲ့တဲ့ John Francis Daley နှင့် Jonathan Goldstein တို့က ရေးသားမှာဖြစ်ပါတယ်။

Sony နှင့် Marvel Studios တို့ပူးပေါင်းပြီး ထုတ်လုပ်မည့် Spider-Man ဟာ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၇ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။


( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Coming Soon