Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ က Superman ရဲ့အဘိုးအကြောင်း ရိုက်ကူးမည့် Krypston ဇာတ်လမ်းတွဲ

လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ က Superman ရဲ့အဘိုးအကြောင်း ရိုက်ကူးမည့် Krypston ဇာတ်လမ်းတွဲ

| No comment


V-Line ရဲ့သတင်းပို့ချက်များအရ ယခင်က ကောလဟာလ ထွက်ခဲ့တဲ့ Krypston ဇာတ်လမ်းတွဲဟာ SYFY ရုပ်သံလိုင်းမှာ ပထဆုံးအပိုင်းကို ထုတ်လွှင့်ဖို့နီးစပ်လာတာနှင့်အမျှ DC Comic Universe ဟာလည်း ဆက်လက်ကျယ်ပြန့်လာပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ မှာအခြေတည်ထားတဲ့ Krypston ဇာတ်လမ်းတွဲဟာ ကံကြမ္မာဆိုးတွေနှင့် ကြုံတွေ့ခဲ့ရတဲ့ Superman မွေးဖွားရာဇာတိ ဂြိုဟ်ရဲ့ ရာဇဝင်ကို ဇာတ်လမ်းတွဲရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ Kal-El ရဲ့အဘိုးနှင့်အတူ စူးစမ်းလေ့လာရမှာဖြစ်ပါတယ်။

“ကျွန်တော်တို့သိထားတဲ့ Superman ရဲ့ ဒဏ္ဍာရီမတိုင်ခင် နှစ်ပေါင်းများစွာက El မိသားစုဟာ အရှက်တကွဲနှင့် ဝိုင်ပယ်ထားခြင်းခံခဲ့ရပါတယ်။ ဒီဇာတ်လမ်းတွဲဟာ တရားမျှတခြင်းနှင့် မျှော်လင့်ချက်တွေကို Krypstonဂြိုဟ် သို့ယူဆောင်လာပြီး ဖရိုဖရဲဖြစ်နေတဲ့ ဂြိုဟ်ကို အမြင့်မြတ်ဆုံးသူရဲကောင်းအဖြစ် လူသိများတဲ့သူနှင့် ထိုက်တန်တဲ့ မွေးဖွားရာဇာတိ ဂြိုဟ်အဖြစ်ပြောင်းလဲပေးခဲ့တဲ့ Man of Steel ရဲ့အဘိုးအကြောင်းဖြစ်ပါတယ်” လို့ တရားဝင်ဇာတ်လမ်းအနှစ်ချုပ်မှာ ဖော်ပြထားပါတယ်။

Krypston ဇာတ်လမ်းတွဲအတွက် စိတ်ကူးစတင်ခဲ့တာကတော့ The Dark Knight ကိုရေးသားခဲ့တဲ့ David S. Goyer နှင့် Ian Goldberg (Once Upon a Time) တို့ပဲဖြစ်ပါတယ်။ Goldberg က ပထဆုံးအပိုင်းကို ရေးသားမှာဖြစ်ပြီး Goyer ကထုတ်လုပ်မှာဖြစ်ပါတယ်။

John Byrne က ၁၉၈၀ ခုနှစ်နှောင်းပိုင်းမှာ “The World of Krypton” လို့အမည်ရတဲ့ ရုပ်ပြစာအုပ်အပိုင်းတိုကို ရေးသားခဲ့ပါတယ်။

ဒီရုပ်ပြစာအုပ်မှာ Seyg-El (Superman ကို တွဲဖက်ဖန်တီးခဲ့တဲ့ Jerry Siegel အမည်ကို အစွဲပြပြီး) လို့ခေါ်တဲ့ Kal-El ရဲ့အဖေဘက်ကအဘိုးကို စတင်မိတ်ဆက်ခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲအသစ်မှာ အဲ့ဒီနာမည်ကို ဆက်လက်အသုံးပြု မပြုကိုတော့ အတည်ပြုပြောကြားခြင်းမရှိသေးပါဘူး။

ဒီ Krypston ဇာတ်လမ်းတွဲက အခိုင်အမာရပ်တည်နေပြီဖြစ်တဲ့ Superman ရုပ်ရှင်ဇာတ်ကားတွေနှင့် ဘယ်လောက်နီးနီးကပ်ကပ် ဆက်စပ်မှုရှိသလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

David Goyer က ဒီဇာတ်လမ်းတွဲဟာ Zack Snyder ရဲ့ Man of Steel ဇာတ်လမ်းမတိုင်ခင်ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေဖြစ်ကြောင်းပြောပါတယ်။ CBS ရုပ်သံလိုင်းရဲ့ Supergirl ဇာတ်လမ်းတွဲမှာလည်း Krypstonဂြိုဟ်ကို တွေ့မြင်ခဲ့ရပြီးဖြစ်ပါတယ်။ အရင်ကဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေရဲ့ ရှုထောင့်ကိုပြသထားတာကြောင့် Krypston ဇာတ်လမ်းတွဲက ဇာတ်လမ်းတွဲ ၂ခုကြားက ခြားနားချက်ကို ရှင်းပြစရာမလိုတော့ပါဘူး။


( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Comingsoon