Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , T.I က သမီးငယ်လေးရဲ့ နာမည်ကို ဖော်ထုတ်ကြေညာခဲ့

T.I က သမီးငယ်လေးရဲ့ နာမည်ကို ဖော်ထုတ်ကြေညာခဲ့

| No comment


ရက်ပ်အဆိုတော်လည်းဖြစ် သရုပ်ဆောင်လည်းဖြစ်တဲ့ T.I. ကသူ့သမီးငယ်လေး နာမည်ကို လူမှုကွန်ယက်မှာ တနင်္လာနေ့ကပဲ ကြေညာခဲ့ပါတယ်။

၃၅ နှစ်အရွယ် အဆိုတော်နဲ့ ဇနီးဖြစ်သူ Tameka Cottle (Tiny) တို့က သူတို့ရဲ့ သမီးငယ်လေးကို Heiress လို့ နာမည်ပေးထားတာ ဖြစ်ပါတယ်။

 “ ကြိုဆိုပါတယ် Heiress ရေ..ဘ၀သစ်ကတော့ စပါပြီ … #FamilyHustleOverErrrthang “ လို့ သူနဲ့ ဆေးရုံကဆင်းခါစ သမီးငယ်ပေါက်စလေးနဲ့ အတူရိုက်ကူးထားတဲ့ ဓါတ်ပုံမှာ ခေါင်းစဉ်ရေးသား ဖော်ပြခဲ့တာဖြစ်ပါတယ်။

သူတို့စုံတွဲမှာ ၁၁ နှစ်သား King နဲ့ ၇ နှစ်သားလေး Major ဆိုတဲ့ သားလေး ၂ ယောက်လည်း ရှိပြီးဖြစ်ပါတယ်။
T.I. နဲ့ Tiny တို့ဟာ ၂၀၁၀ ခုနှစ်က လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI