Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Avengers: Infinity War ဇာတ်ကား ၂ကားစလုံးကို နာမည်အသစ်ပြောင်းပေးမည်

Avengers: Infinity War ဇာတ်ကား ၂ကားစလုံးကို နာမည်အသစ်ပြောင်းပေးမည်

| No comment


ပြီးခဲ့တဲ့နှစ်က Kevin Feige က Marvel ရဲ့ တတိယအဆင့်မှာထွက်ရှိမည့် ဇာတ်ကားစာရင်းအပြည့်အစုံကို ကြေညာခဲ့ရာ Avengers: Infinity War အပိုင်း ၂ မှာအဆုံးသတ်မည်ဖြစ်ကြောင်းဖော်ပြခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး ဇာတ်ကား ၂ကားရဲ့အကြောင်းကို ဇာတ်ကောင်အရေအတွက်ဘယ်လောက်ပါမယ်၊ ဒါရိုက်တာ Anthony နှင့် Joe Russo အရင်ကပြောခဲ့သလို “ဇာတ်လမ်းတွေက တစ်ခုနှင့်တစ်ခု
အလွန့်အလွန် ကွဲပြားခြားနားမယ်” ဆိုတာမျိုးတွေ နည်းနည်းချင်းစီသိလာရပါတယ်။

ဇာတ်ကားတွေကို “အပိုင်း ၁” နှင့် “အပိုင်း ၂”ဆိုပြီး ခေါင်းစဉ်ငယ်လေးတွေနှင့် ထုတ်မှာမဟုတ်ဘဲအမည်အသစ်ပေးမှာဖြစ်ကြောင်း သူတို့နှစ်ယောက်က Uproxx ကိုအတည်ပြုပေးခဲ့ပါတယ်။

“ရည်ရွယ်ချက်ကတော့ နာမည်ပြောင်းပေးဖို့ပါ။ ခုထိတော့ နာမည်တွေကို မစဉ်းစားရသေးပါဘူး။ ဒါပေမယ့် သေချာပေါက် ပြောင်းပေးမှာပါ။ သတင်းဦးကတော့ နာမည်ပြောင်းပေးမယ်ဆိုတာပါပဲ”  လို့ Joe Russo ကပြောပါတယ်။ ပေါင်းကူးထားတဲ့ Marvel ရဲ့ ရုပ်ပြစာအုပ်တော်တော်များများက “Infinity” ဆိုတဲ့နာမည်တူကို သုံးယုံသာမကပဲ ဗီလိန် Thanos လည်းပါဝင်ပါတယ်။

 Infinity Gauntlet၊ Infinity Crusade၊ Infinity Abyss နှင့် Infinity ဆိုတဲ့ နာမည်တွေဖြစ်ပါတယ်။ ဒီထဲက ဘယ်ဟာပဲဖြစ်ဖြစ် ဇာတ်ကားတစ်ရဲ့ နာမည်ဖြစ်နိုင်ပေမယ့် အတည်မပြုရသေးပါဘူး။

ဒီ၂ကားကို Christopher Markus နှင့် Stephen McFeely တို့ကဇာတ်ညွှန်းရေးသာပြီး Anthony နှင့် Joe Russo တို့က IMAX နှင့်
အပြည့်အဝရိုက်ကူးမှာပါ။ Marvel’s Avengers: Infinity War အပိုင်း ၁ ကို ၂၀၁၈ ခုနှစ် မေလ ၄ရက်မှာ ရုံတင်မှာဖြစ်ပြီး အပိုင်း ၂ ကို ၂၀၁၉ ခုနှစ် မေလ ၃ရက်မှာ ရုံတင်မှာဖြစ်ပါတယ်။


( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Comingsoon