Bella Hadid က သူ နှစ်သက်တာတွေ လုပ်နေတတ်တဲ့ The Weeknd လို့ လူသိများတဲ့ Abel Tesfaye ရဲ့ သီချင်းဗီဒီယိုတွေကြည့်ရတာ ကြိုက်နှစ်သက်တယ်လို့ ဆိုလာပါတယ်။
နောက်ဆုံးထွက် Elle မဂ္ဂ္ဂဇင်းရဲ့ မျက်နှာဖုံးမော်ဒယ်လ်ဖြစ်သူက သူ့ရဲ့ ချစ်သူဂီတပညာရှင်ကို သူ့အနုပညာအပေါ် နှစ်မြုပ်ထားပြီး ပျော်ရွှင်နေတဲ့ပုံနဲ့ မြင်ရတာ သဘောကြတယ်လို့ ဆိုပါတယ်။
သူ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို သိခွင့်ရပြီး တစ်နေရာထဲမှာ နှစ်ယောက်သား အလုပ်တူတူ လုပ်နိုင်တာက တကယ့်ကို လှပပြီး စိတ်ကျေနပ်စရာပါပဲ တဲ့။
Hadid က ၁၉ နဲ့ Tesfaye, ၂၆ နှစ်တို့ဟာ တွဲတာ ၁ နှစ်ရှိပြီဖြစ်ပြီ ၂၀၁၅ ခုနှစ် ဆောင်းဦးမှာ စတွေ့ခဲ့ကြတာဖြစ်ပါတယ်။ ဒီစုံတွဲက ဖေဖော်ဝါရီလလည်က ကျင်းပတဲ့ ဒီနှစ် Grammy ဆုပေးပွဲ ကော်ဇော်နီပေါ်ကို အတူတူ လျှောက်လှမ်းခဲ့ကြပြီးဖြစ်ပါတယ်။
မကြာသေးခင်က ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာတော့ The Weeknd က သူ့ရဲ့ကိုယ်ပိုင်အလုပ်ရှိနေတာကြောင့် Rihanna ရဲ့ ဥရောပဖျော်ဖြေရေးအစီစဉ်ကို လက်လွှတ်ခဲ့ကြောင်း ပြောပြသွားပါတယ်။
( Michelle )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : UPI