Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဘရစ်တနီစပီးယားက Billboard Millenium ဆုအား ဆွတ်ခူးရရှိ

ဘရစ်တနီစပီးယားက Billboard Millenium ဆုအား ဆွတ်ခူးရရှိ

| No comment


ပေါ့ပ်အဆိုကျော် Britney Spears (ဘရစ်တနီစပီးယား)ကတော့ ဒီတစ်လရဲ့ Billboard Music Awards ရှိုးပွဲမှာ ဂုဏ်ပြုဆုချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။

အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ Spears ဟာ "Toxic," "Baby One More Time" နဲ့ "Oops! I Did it Again” စတဲ့ သူရဲ့ နာမည်ကျော် သီချင်းတွေကြောင့် လူသိများတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။

 “ လျှို့ဝှက်ချက်ကတော့ ပေါက်ကြားသွားပါပြီ “ လို့ Awards Show ရဲ့ Tweeter မှာ တနင်္လာနေ့က ရေးသားဖော်ပြထားပါတယ်။
 “ @britneyspears ကတော့ #BBMAs မှာ သူ့ရဲ့ အကောင်းဆုံး ဖျော်ဖြေမှုတွေအတွက် Millennium Award ကို ရရှိတော့မှာ ဖြစ်ပါတယ်! “ လို့ ဆက်လက်ရေးသားထားပါတယ်။


( Michelle )


#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI