Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဆီလီနာ ဂိုးမက်ဇ်ရဲ့  မရှိမဖြစ်လိုအပ်တဲ့ အစားအစာများ

ဆီလီနာ ဂိုးမက်ဇ်ရဲ့  မရှိမဖြစ်လိုအပ်တဲ့ အစားအစာများ

| No comment


အဆိုတော်မလေး Selena Gomez (ဆီလီနာဂိုးမက်ဇ်) ရဲ့  Revival ဆိုတဲ့ နယ်လှည့်ဖျော်ဖြေပွဲကို စတင်နေတဲ့အတွက် Entertainment Weekly ဆိုတဲ့ သတင်းဌာနက သူမရဲ့  ပရိသတ်တွေ သိချင်နေတဲ့အကြောင်းအရာတွေ သွားရောက်စုံစမ်းလာခဲ့ပါတယ်။

ဒီတစ်ခေါက် သိခဲ့ရတာကတော့ သူမရဲ့  ဖက်ရှင်တွေမဟုတ်ပါဘူ။ အချစ်ရေး လည်း မဟုတ်ပါဘူး။ သူမ အတွက် မရှိမဖြစ် လိုအပ်တဲ့အစားအစာ ပဲ ဖြစ်ပါတယ်။

သတင်းထောက်တွေရဲ့  မေးမြန်းမှုအပေါ်မှာ ဆီလီနာ ဂိုးမက်ဇ်က “ကျွန်မဟာ ကြက်သား အသားညှပ်ကြော် ၊ အာလူးကြော်အစပ် ၊ Gatorade နဲ့ Red Bull အစရှိတဲ့ အားဖြည့်အချိုရည်တွေကို အမြဲတမ်း စားသောက်လေ့ရှိပါတယ်။ ကျွန်မရဲ့  ကိုယ်ကာယ ဆရာက အဲဒီအစားအစာတွေ မစားဖို့ တားမြစ်ထားပါတယ်။ ဒါပေမယ့် ကျွန်မ နေ့တိုင်းမဟုတ်တောင် အခုထိ စားနေတုန်းပါပဲ” လို့ ဖွင့်ဟ ပြောပြလာပါတယ်။

စိတ်ဝင်စားစရာ ကောင်းတာက သူမ နှစ်သက်တဲ့ ကြက်သား အသားညှပ်ကြော် ၊ အာလူးကြော်အစပ် စတဲ့ အစားအစာတွေဟာ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတွေ ချင်ခြင်းတက်လေ့ရှိတဲ့ အစားအစာတွေ ဖြစ်နေတာပါပဲ။

( Mario)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref :