Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , ဆလီနာဂိုးမက်ဇ်က ကလေးလူနာတွေဆီ သွားရောက်တွေ့ဆုံအားပေးခဲ့

ဆလီနာဂိုးမက်ဇ်က ကလေးလူနာတွေဆီ သွားရောက်တွေ့ဆုံအားပေးခဲ့

| No comment


Selena Gomez (ဆလီနာဂိုးမက်ဇ်)က Boston Children’s Hospital က ကလေးတွေကို ပြုံးလာအောင်ဘယ်လိုလုပ်ရမယ်ဆိုတာကို သိနေပါတယ်။

Selena က သူမရဲ့အားလပ်ရက်ရတဲ့ သောကြာနေက ဆေးရုံကိုသွားပြီး လူနာတွေအတွက် သီချင်းအချို့ဆိုပြခဲ့ပါတယ်။ အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ Gomez က သူမရဲ့ Revival Tour အတွက် TD Garden မှာဖျော်ဖြေဖို့အတွက် စနေနေ့ညနေက ဘော်စတွန်ကိုရောက်ရှိလာတာဖြစ်ပါတယ်။

“မနက်ဖြန် ဒီဘော်စတွန်မှာ ရှိုးပွဲရှိပါတယ်။ အမြဲတမ်း နယ်လှည့်ဖျော်ဖြေနေရတဲ့အတွက် ဘယ်ရောက်လို့ရောက်နေမှန်းတောင်မသိတော့ပါဘူး။ ဒါပေမယ့် နားရက်ရတဲ့အတွက် လာပြီးနှုတ်ဆက်မယ်လို့တွေးမိတာပါ” လို့ Gomez ကမိန်းကလေးလူနာလေးတွေကို ဟာသနှောပြီး ပြောပြခဲ့ပါတယ်။

စွပ်ကျယ်အမဲရောင်နှင့် ဂျင်းဘောင်းဘီိကိုဝတ်ဆင်ထားပြီး ရှည်လျားတဲ့ဆံခွေတွေကို ဒီအတိုင်းချထားတဲ့ အဆိုတော်ဟာ  Seacrest Studio မှာ ကလေးအချို့နှင့်အတူ သီချင်းဆိုပြခဲ့ပါတယ်။ Gomez က ဘွန်ဂိုဗုံကိုတီးပြီး “Lean On Me” သီချင်းကို အားလုံးနှင့်အတူ ဦးဆောင်ပြီးသီဆိုခဲ့ပါတယ်။

Gomez က လက်အိတ်နှင့် ပိုးသတ်ထားတဲ့ ဂါဝန်တို့ကိုဝတ်ဆင်ပြီး အိပ်ယာထဲကမထနိုင်တဲ့ ကလေးတွေဆီကိုတောင်သွားပြီး ဓာတ်ပုံလည်းတွဲရိုက်ပေးခဲ့ပါတယ်။

Gomez ရဲ့ပရိသတ်တစ်ယောက်က သူမမောင်လေးနှင့် Selena တွဲရိုက်ထားတဲ့ပုံနှင့်အတူ “မောင်လေးနှင့်တွေ့ပေးတာ ကျေးဇူးတင်ပါတယ်” လို့ Twitter မှာရေးသားခဲ့ပါတယ်။

Carrie Almeida ကလည်း ဆေးရုံတက်နေတဲ့ သူ့သမီးအတွက် ကျေးဇူးတင်ကြောင်းကို Gomez က “ချိုသာပြီး ရိုးသားပွင့်လင်း တတ်သူ” ဖြစ်ကြောင်း Instagram မှာရေးသားခဲ့ပါတယ်။

“စိတ်ထဲမှာတွေးပြီး မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ကလေးတစ်ယောက်စီတိုင်းကို သေချာမျက်လုံးချင်းဆုံပြီး အချိန်ပေးခဲ့တယ်။ ရိုးရိုးလေးနဲ့ အဓိပ္ပာယ်တွေအများကြီးရှိပါတယ်” လို့ရေးသားခဲ့ပါတယ်။

( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : EW