Justin Bieber (ဂျက်စတင်ဘီဘာ)က တက်တူးနောက်တစ်ခု ထပ်ထိုးလိုက်ပါတယ်။ အသက် ၂၂ ဆိုတဲ့ အချိန်တိုအတွင်းမှာ တက်တူးပေါင်း ၅၀ ကျော်လောက်ထိုးခဲ့တဲ့အတွက် ဒါကသတင်းထူးတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဒီတစ်ခုကတော့ တခြားဟာတွေနှင့်မတူပဲ မျက်နှာပေါ်မှာထိုးထားတာပါ။ Beliebers တွေဆီကခံစားချက်မျိုးစုံနှင့် တုံ့ပြန်ချက်တွေကတော့ “ဘာတွေဖြစ်နေပါလိမ့်?!” ကနေ “ဟာ မြင်တောင်မမြင်ရဘူး” ဆိုပြီး မျိုးစုံပဲဖြစ်ပါတယ်။
ဘီဘာက လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာတော့ နယူးယောက်မြို့မှာရောက်ရှိနေပြီး ဘရွတ်ကလင်းမြို့က Barclays Center မှာ ဖျော်ဖြေပွဲကျင်းပခဲ့ပါတယ်။ မထင်မှတ်ထားတဲ့အချိန်တွေမှာလည်း ကလပ်မှာဝင်ပြီး ပရိသတ်တွေကို အနီးကပ်ဖျော်ဖြေပေးခဲ့ပါတယ်။
ဂျက်စတင်ဘီဘာနဲ့ သူ့သူငယ်ချင်း Joe Termini တို့ဟာ West 4th Tattoo မှာ လက်ဝါးကပ်တိုင်ပုံကို ဘယ်ဘက်မျက်လုံးအောက်မှာ ဆင်တူတက်တူးထိုးခဲ့တယ်လို့ US Weekly က သတင်းပို့ခဲ့ပါတယ်။ ဘီဘာက တက်တူးအသစ်ကို Instagram မှာ ပြသခဲ့ပါတယ်။
တက်တူးလေးက အရမ်းသေးလွန်းလို့ မှဲ့လို့တောင်ထင်ရပါတယ်။ ဒါပေမယ့် သေချာကြည့်ရင်တော့ ရှင်းရှင်းလင်းလင်းမြင်ရပါတယ်။
ဘီဘာရဲ့တက်တူးထိုးတာတွေကို စောင့်ကြည့်နေတဲ့သူဆိုရင်တော့ မျက်နှာပေါ်မှာထိုးဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ မကြာသေးခင်က GQ ကိုပြောခဲ့တာကို မှတ်မိနေမှာပါ။ “ကျွန်တော်တကယ် အသက်ကြီးလာရင်တော့ ထိုးဖြစ်မှာပါ၊ အရမ်းကြီးမှတော့မဟုတ်ဘူးပေါ့၊ ၄၀ကျော် ၅၀ကျော်လောက်တော့ဖြစ်မယ်ထင်တယ်။ မျက်ခုံးအပေါ်မှာ ဒါမှမဟုတ် သေးသေးလေးတစ်ခုခုပေါ့” လို့ပြောခဲ့တာပါ။
ကြည့်ရတာတော့ စိတ်ကုးမြန်မြန်ပြောင်းလိုက်တဲ့ ပုံပါပဲ။ အရင်ရည်းစားဟောင်း Selena Gomez ရဲ့ပုံတက်တူးကို ဖုံးဖို့လုပ်ခဲ့တဲ့အကြောင်းကိုလည်းပြောပြခဲ့တော့ ဒီတစ်ခါတော့ ဆုံးဖြတ်ချက်မှန်ကန်မယ်လို့ မျှော်လင့်ရပါတယ်။
( RII )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Teen Vogue