Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , လွန်ခဲ့သော ၈ နှစ်က မန်နေဂျာဟောင်းနဲ့ အမှုရင်ဆိုင်နေရတဲ့ ဘရစ်တနေစပီးယား

လွန်ခဲ့သော ၈ နှစ်က မန်နေဂျာဟောင်းနဲ့ အမှုရင်ဆိုင်နေရတဲ့ ဘရစ်တနေစပီးယား

| No comment

ပေါ့ပ် အဆိုတော်မလေး Britney Spears (ဘရစ်တနေစပီးယား)ဟာ သူမကို နှစ်ပေါင်းများစွာ ခြောက်လှန့်နေခဲ့သူနဲ့ မျက်နှာချင်း ဆိုင် တွေ့ဆုံခဲ့ရတယ်လို့ သိရပါတယ်။

ဘရစ်တနေဟာ အစည်းအဝေးခန်း တစ်ခုအတွင်းမှာ ထိုင်ပြီး သူမရဲ့  သူငယ်ချင်းဟောင်းလည်းဖြစ်ပြီး သူ့ကိုယ်သူ ဘရစ်တနေ စပီးယားရဲ့  မန်နေဂျာ ပါလို့ဆိုခဲ့သူ Sam Lutfi နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ရှေ့နေတစ်ယောက်ရဲ့  မေးမြန်းခြင်းခံနေရတာ ဖြစ်ပါတယ်။

ဘရစ်တနေ ရဲ့  မိသားစုဝင်တွေကတော့ Lutfi ကို ဘရစ်တနေနဲ့ ဝေးဝေးမှာ ရှိနေစေချင်တဲ့အတွက်လည်း ရှေ့ နေနဲ့ စကားများခဲ့ကြသေးတယ်လို့ သိရပါတယ်။ ဒါပေမယ့် ရှေ့နေတွေကတော့ ဘရစ်တနေ ကို ကာကွယ်တဲ့အနေနဲ့ စားပွဲရှည်တစ်လုံးမှာ ဘရစ်တနေ နဲ့ Lutfi တို့ကို ဟိုဘက်ထိပ် ၊ ဒီဘက်ထိပ် ထိုင်စေခဲ့ပါတယ်။ သူတို့ရဲ့  အမှုနဲ့ ပတ်သက်ပြီးတော့ စစ်ဆေးနေဆဲပဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဘရစ်တနေ စပီးယား ရဲ့  မိသားစုဝင်တွေကတော့ Lutfi ဟာ ၂၀၀၇ ခုနှစ်တုန်းက ဘရစ်တနေကို မူးယစ်ဆေး စွဲသွားအောင် သွေးဆောင် ဖန်တီးခဲ့တယ်လို့ စွပ်စွဲကာ အမှု တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် Lutfi ကတော့ သူမကို မူးယစ်ဆေး တွေနဲ့ ဝေးအောင် ကူညီပေးခဲ့တာပါလို့ အခိုင်အမာ ထွက်ဆိုထားပါတယ်။

လက်ရှိမှာတော့ Lutfi ဟာ ဘရစ်တနေ စပီးယား ရဲ့  မန်နေဂျာ ဟောင်း တစ်ယောက်အနေနဲ့ လုပ်အားခများ မရခဲ့ကြောင်း စွပ်စွဲကာ ဘရစ်တနေ စပီးယား ကို တရားစွဲဆိုထားသလို ဘရစ်တနေရဲ့ ဖခင် Jamie က သူ့ကို ထိုးနှက်ခဲ့တယ်လို့ စွပ်စွဲထားပါသေးတယ်။



( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : TMZ