Harry Styles (ဟယ်ရီစတိုင်လ်)ရဲ့ အမြင်ပသာဒဖြစ်လှတဲ့ ဆံခွေတွေကို နှုတ်ဆက်ဖို့အချိန်တန်လာပါပြီ။ One Direction အဖွဲ့ဝင် အဆိုတော်ဟာ ဆံပင်တွေကို ညှပ်လိုက်ပါပြီ။
Styles က အသစ်စက်စက်နဲ့ ညှပ်လိုက်တဲ့ကျစ်ဆံမြီးကျစ်ထားတဲ့ဆံပင်ခွေကို လက်မှာကိုင်ထားပြီး လက်မထောင်ထားတဲ့ပုံကို Instagram မှာတင်ခဲ့ပါတယ်။
ပရိသတ်တွေအနေနှင့် အရမ်းစိတ်ပျက်စရာမလိုပါဘူး။ Styles က သူ့ဆံပင်တွေကို အလှူလက်ခံရရှိတဲ့ ဆံပင်တွေကို ကင်ဆာရောဂါကြောင့် ဆံပင်ဆုံးရှုံးသွားတဲ့ ကလေးတွေအတွက် ဆံပင်တုပြုလုပ်ပေးတဲ့ Little Princess Trust အဖွဲ့အစည်းကိုလှူလိုက်တာပါ။
One Dircetion အဖွဲ့က မနှစ်က Made in the A.M သီချင်းခွေထွက်ရှိပြီးနောက် လက်ရှိမှာ အနားယူလျက်ရှိပါတယ်။
( RII )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : EW