Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Britney Spears က အောင်မြင်ခဲ့တဲ့သီချင်းတွေကိုပေါင်းစပ်ပြီး BMA ဆုပေးပွဲမှာဖျော်ဖြေခဲ့

Britney Spears က အောင်မြင်ခဲ့တဲ့သီချင်းတွေကိုပေါင်းစပ်ပြီး BMA ဆုပေးပွဲမှာဖျော်ဖြေခဲ့

| No comment


Britney Spears က ဆယ်စုနှစ် ၂ခုစာလောက်ရှိတဲ့ အနုပညာသက်တမ်းတစ်လျှောက် အောင်မြင်ကျော်ကြားခဲ့တဲ့ ပေါ့ပ်သီချင်းတွေကိုပေါင်းစပ်ပြီး တနင်္ဂနွေနေ့ညက Billboard Music Award ဆုပေးပွဲတွင်ဖျော်ဖြေခဲ့ပါတယ်။

အများကမျှော်လင့်ထားသလို သီချင်းသစ်တစ်ပုဒ်မှမဆိုဘဲ “Work Bitch”၊ “Womanizer”၊ ပြန်ဆိုတေး “I Love Rock ‘N’ Roll”၊ “Breath on Me”၊ “I’m a Slave 4 U”၊ “Touch of My Hand” နှင့် “Toxic” သီချင်းတို့နှင့်ဖျော်ဖြေခဲ့ပါတယ်။ အတိတ်က သီချင်းတွေကို သီဆိုချိန်မှာ အအောင်မြင်ဆုံးသီချင်းဖြစ်တဲ့ “Baby One More Time” နှင့် “Oops!... I Did It Again” တို့ကိုတော့ မဆိုခဲ့ပါဘူး။

၂၀၁၃ ခုနှစ်ကတည်းက Las Vegas မှာစတင်နေထိုင်ခဲ့တာကြောင့် ဒီနှစ်တွေအတွင်းမှာ တိုက်ရိုက်ဖျော်ဖြေမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

မနှစ်က Billboard Music Award ဆုပေးပွဲမှာလည်း Iggy Azalea နှင့်အတူ “Pretty Girls” သီချင်းကို အားမာန်အပြည့် ဖျော်ဖြေခဲ့ပါတယ်။
Spears ရဲ့ ၂၀၁၃ ခုနှစ်က နောက်ဆုံးထွက်ရှိခဲ့တဲ့ Britne Jean album မှ “Work Bitch” နှင့် “Perfume” singles များပါဝင်ခဲ့ပါတယ်။

လတ်တလောမှာတော့ Spears က Vegas မှာနေထိုင်ပြီး သရုပ်ဆောင်ခြင်း၊ Instagram မှာလှုပ်ရှားခြင်း နှင့် သူ့ရဲ့ mobile game အသစ်တို့မှာ အာရုံစိုက်ထားတပါတယ်။

ဒါပေမယ့် Spears က ၉ခုမြောက် studio album အတွက်လုပ်နေကြောင်း Twitter နှင့် Instagram တို့မှာဖော်ပြခဲ့ပါတယ်။ ပရိသတ်တွေကတော့ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ အဆိုတော်ရဲ့သီချင်းသစ်တွေကို ကြားရဖို့စောင့်ရဦးမှာပါ။

Spears က Billboard Millennium Award ဆုနှင့် ဂုဏ်ပြုခံခဲ့ရပါတယ်။ ဒီဆုကိုအရင်က Beyonce နှင့် Whitney Housten တို့နှစ်ယောက်ပဲလက်ခံရရှိခဲ့တာဖြစ်ပါတယ်။



( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : EW