Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , , Brooklyn Beckham နဲ့ Chloe Moretz တို့ ကော်ဇောနီပေါ်ကို ပထမဆုံးအကြိမ် တွဲလျှောက်ခဲ့

Brooklyn Beckham နဲ့ Chloe Moretz တို့ ကော်ဇောနီပေါ်ကို ပထမဆုံးအကြိမ် တွဲလျှောက်ခဲ့

| No comment


Chloe Moretz က Brooklyn Beckham နှင့်တွဲနေပါတယ်လို့ အတည်ပြုပြီးကတည်း သူတို့ရဲ့ဆက်ဆံရေးကို တဖြည်းဖြည်း လူသိများလာခဲ့ပြီဖြစ်ပါတယ်။

ပထမတော့ ချစ်စရာကောင်းတဲ့ selfie ဓာတ်ပုံလေးတွေက လူမှုကွန်ယက်တွေပေါ်မှာ ထွက်ပေါ်လာပြီး အခုတော့ အနုပညာရှင်တွေရဲ့ အချစ်မှတ်တိုင်သစ်ဖြစ်တဲ့ ကော်ဇောနီပေါ်ကို ပထမဆုံးအကြိမ် တွဲလျှောက်ခဲ့ပြီဖြစ်ပါတယ်။

Brooklyn က Chloe ရဲ့ဇာတ်ကားသစ် Bad Neighbors 2: Sorority Rising ကို လော့အိန်ဂျလိစ်မှာ အထူးပွဲပြတာကို အားပေးဖို့လာတာဖြစ်ပြီး သူတို့စုံတွဲလေးက အပျော်လွန်နေပုံပေါ်ပြီး အရမ်းချစ်စရာကောင်းနေပါတယ်။



Chloe က မကြာသေးခင်က သူမရဲ့ရည်စားအသစ်ကို သူမအစ်ကို ၄ ယောက်က ဘယ်လိုထင်မြင်တယ်ဆိုတာကိုတော့ အခုလိုပဲ ရင်ဖွင့်ခဲ့ပါတယ်။

“သူတို့က သူ့ကိုသဘောကျကြပါတယ်၊ အခုတော့ သူ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံကြပါတယ်။ အစောပိုင်းကတော့ ‘ဒီကောင် ဘာလိုချင်တာလဲ’ ဆိုတဲ့ သဘောမျိုးရှိကြတယ်။ ကျွန်မကတော့ ‘အဆင်ပြေပါတယ်။ ကျွန်မကပိုတောင် အသက်ကြီးသေးတယ်။ ကျွန်မ ထိန်းနိုင်ပါတယ်’ လို့ပြောလိုက်ပါတယ်” လို့ Late Late Show အစီအစဉ်တင်ဆက်သူ James Corden ကို ပြောပြခဲ့ပါတယ်။

( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : MTV