Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Brooklyn Beckham က Vogue မဂ္ဂဇင်းမျက်နှာတွင်ဖုံးပါဝင်

Brooklyn Beckham က Vogue မဂ္ဂဇင်းမျက်နှာတွင်ဖုံးပါဝင်

| No comment


ကြည့်ရတာတော့ ဖက်ရှင်က Beckham မိသားစုထဲမှာ စီးဆင်းနေတဲ့ပုံပါပဲ။ Brooklyn နှင့် Romeo တို့က ဆယ်ကျော်သက်တွေအတွက်ရည်ရွယ်ပြီး တစ်လနှစ်ကြိမ်ထုတ်တဲ့ Vogue China ရဲ့ ၂၀၁၆ ခုနှစ် ဇွန်လအတွက် “Vogue Me”
မဂ္ဂဇင်း မှာ အဓိကကျတဲ့ အယ်ဒီတာအာဘော်ကဏ္ဍမှာ ပါဝင်ခဲ့ပါတယ်။

Brooklyn က မော်ဒယ် Jing Wen နှင့် Heather Kemesky တို့နှင့်အတူ မျက်နှာဖုံးမှာပါဝင်ခဲ့ပြီး ၁၃ နှစ်အရွယ် Romeo ကတော့ ဂျင်းဘောင်းဘီနှင့် ကြယ်သီးတပ်ကော်လံပါဝင်တဲ့တီရှပ်ကို ဝတ်ဆင်ပြီး ပို့စ်ပေးခဲ့တဲ့ပုံ
အထဲမှာပါဝင် ပါတယ်။

ဒါဟာ Beckham ညီအစ်ကို အတွက်တော့ ပထဆုံးမော်ဒယ်လုပ်ခြင်းမဟုတ်ပါဘူး။ Romeo က Burberry မော်ဒယ်ဖြစ်ပြီး Brooklyn က Miss Vogue၊ T Magazine နှင့် အခြားမဂ္ဂဇင်းတွေရဲ့ စာမျက်နှာပေါ်မှာပါဝင်ဖူးပါတယ်။ ဒီနှစ်အစောပိုင်းမှာ Burberry Fragrance Campaign အတွက် သူကိုယ်တိုင်ဓာတ်ပုံရိုက်ပေးခဲ့ပါသေးတယ်။

ဖက်ရှင်ဒီဇိုင်နာမိခင်ဖြစ်သူ Victoria က ဂုဏ်ယူမိကြောင်းကို “Romeoရဲ့ ပထမဆုံး @voguechina အတွက်ဓာတ်ပုံရိုက်ထားတာ သိပ်ချစ်ဖို့ကောင်းတာပဲ။ အရမ်းဂုဏ်ယူမိပါတယ် X vb” လို့ဖော်ပြထားပါတယ်။ ဒီမိသားစုက အရမ်းစတိုင်ကျပြီး ကြည့်လို့ကောင်းတာ လျှို့ဝှက်ချက်မဟုတ်ပါဘူး။



( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : TeenVogue