Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , “Captain America : Civil War” ကို နိုင်ငံတစ်ချို့မှာ ရုံတင်ပြသခဲ့ပြီး ဝင်ငွေဒေါ်လာ သန်း ၂၀၀ ရရှိ

“Captain America : Civil War” ကို နိုင်ငံတစ်ချို့မှာ ရုံတင်ပြသခဲ့ပြီး ဝင်ငွေဒေါ်လာ သန်း ၂၀၀ ရရှိ

| No comment


မြန်မာနိုင်ငံမှာ မကြာခင်ရုံတင်ပြသတော့မယ့် “Captain America : Civil War” ရုပ်ရှင်ဇာတ်ကားကတော့ နိုင်ငံခြားနိုင်ငံတစ်ချို့မှာ ပွဲဦးထွက်ရုံတင်ခဲ့ပြီး ရလဒ်တွေကောင်းနေခဲ့ပါတယ်။ အမေရိကန်နိုင်ငံတွင်းမှာတော့ မေလ ၆ ရက်နေ့မှာမှ စတင်ရုံတင်မှာဖြစ်ပြီး အခုလို နိုင်ငံခြားနိုင်ငံတစ်ချို့မှာ ရုံတင်ခဲ့ရာမှာတော့ ဝင်ငွေ ဒေါ်လာ သန်း ၂၀၀ အထိ ရရှိခဲ့တာကြောင့် ပွဲဦးထွက် မျက်နှာပန်း လှခဲ့တယ်လို့ ဆိုရမှာပါ။

အမေရိကန်နိုင်ငံတွင်းမှာ ရုံတင်တဲ့အခါမှာလည်း  “Captain America : Civil War” ဟာ အောင်မြင်မှုတွေရရှိနိုင်ဖို့ ထပ်မံမျှော်မှန်းထားပြီး Marvel ကတော့ ဝင်ငွေတွေ သောက်သောက်လဲရရှိဖွယ်ရှိနေပါတယ်။

ဒီရုပ်ရှင်ဟာဆိုရင်တော့ စူပါဟီးရိုးတွေရဲ့လုပ်ရပ်တွေဟာ ပြည်သူတွေကိုထိခိုက်လာလို့ အစိုးရရဲ့ လက်အောက်မှာနေထိုင်ပြီး အစိုးရအလိုကို လိုက်မလိုက် သဘောထားကွဲလွဲရာကနေ Iron Man(တိုနီစတက်ခ်) နဲ့ Captain America(စတိဗ်ရော်ဂျာ) တို့နှစ်ယောက်ကြားမှာ ပဋိပက္ခနဲ့ အားပြိုင်မှုတွေ ဖြစ်ပေါ်လာခဲ့တဲ့ပုံစံကို ရိုက်ကူးထားတာပါ။ တစ်ခြားသော စူပါဟီးရိုးတွေဟာ ကိုယ်ယုံကြည်တဲ့ဘက်ကနေ ပါဝင်ပြီးတိုက်ခိုက်ကြတာဖြစ်ပြီး နာတာရှာ ၊ ဟော့ကိုင်းနဲ့ ဝင်းတားဆိုးလ်ဂျားတို့လည်း ပါဝင်ခဲ့ပါတယ်။



ဒီဇာတ်ကားဟာဆိုရင်တော့ ဒရာမာမဆန်တဲ့ အက်ရှင်ဇာတ်ကြမ်းလို့ သုံးသပ်ကြပြီး Avengers အဖွဲ့မှာ ပါဝင်ခဲ့တဲ့ ဟီးရိုးတွေရဲ့ နှစ်ဖက်ကွဲ ၊တစ်ခြား ဟီးရိုးတွေနဲ့ တွဲဖက်တိုက်ခိုက်မှုတွေကတော့ အတော်လေးကို ကြည့်လို့ကောင်းမယ့်ပုံပါပဲ။ Rating အနေနဲ့လည်း IMDb 8.6 နဲ့ Rotten Tomatoes 94 % အထိရရှိထားခဲ့ပါတယ်။

ဒါ့အပြင် Spider Man ကလည်း ဒီဇာတ်ကားထဲမှာ ဘယ်လိုနေရာကနေ ပါဝင်လာမလဲဆိုတာကတော့ စောင့်ကြည့်ချင်စရာကောင်းလှပြီး လာမယ့် ၆ ရက်နေ့မှာတော့ ရုပ်ရှင်ချစ်ပရိသတ်တွေက လက်မှတ်ကို အသည်းအသန်ဝယ်ယူရတော့မှာဖြစ်ပါတယ်။ 

( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Internet