Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Coco Austin က သမီးလေး Chanel နဲ့ ကမ်းခြေမှာ အပန်းဖြေနေ

Coco Austin က သမီးလေး Chanel နဲ့ ကမ်းခြေမှာ အပန်းဖြေနေ

| No comment

မော်ဒယ်လ်လည်းဖြစ် တီဗီအစီစဉ်တင်ဆက်သူလည်းဖြစ်သူ Coco Austin က ဒီတစ်ပတ်ပိတ်ရက်မှာ သမီးလေးနဲ့ ကမ်းခြေမှာ အပန်းဖြေအနားယူနေတဲ့ ဓါတ်ပုံလေးတွေကို ဖော်ပြထားခဲ့ပါတယ်။

Austin က Tweeter မှာ “  ခုချိန်လောက် ကောင်းတာ ဘာမှမရှိပါဘူး “ လို့ စနေနေ့က ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။
ဒီစာနဲ့အတူ အစက်အပြောက်ဒီဇိုင်း ရေကူးဝတ်စုံ ဆင်တူဝတ်ဆင်ပြီး ကမ်းခြေကိုမျက်နှာမူပြီး လှဲလျောင်းအပန်းဖြေနေကြတဲ့ မေမေနဲ့ မီးမီးလေးတို့ရဲ့ ချစ်စရာဓါတ်ပုံလေးကို တွဲဖက်ဖော်ပြထားခဲ့တာဖြစ်ပါတယ်။

Austin နဲ့ ခင်ပွန်းဖြစ်သူ ရက်ပ်အဆိုတော် Ice-T တို့ဟာ သမီးဦးလေးကို ပြီးခဲ့တဲ့ ဆောင်းရာသီမှာ မွေးဖွားခဲ့ကြတာဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref :