Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Dunkirk ရုပ်ရှင်ရိုက်ကွင်းပေါ်က ဟာရီစတိုင်လ်ရဲ့ ဓာတ်ပုံတွေထွက်ရှိလာ

Dunkirk ရုပ်ရှင်ရိုက်ကွင်းပေါ်က ဟာရီစတိုင်လ်ရဲ့ ဓာတ်ပုံတွေထွက်ရှိလာ

| No comment



Dunkirk ရုပ်ရှင်ဇာတ်ကားထဲမှာပါဝင်တဲ့  Harry Styles (ဟာရီစတိုင်လ်) အခန်းကဏ္ဍကတော့ တရားဝင်ပါပဲ။

 Directioners တွေအနေနှင့် One Direction အဖွဲ့ရဲ့ အနားယူချိန်ကို အမြန်ဆုံး အဆုံးသတ်စေချင်ပေမယ့် Harry ကအခြားစိတ်ဝင်စားမှုတွေကို အပြည့်အဝလုပ်ဆောင်နေတာကို တွေ့ရတာ
စိတ်လှုပ်ရှားစရာပါပဲ။




Harry ကို စစ်ဝတ်စုံဝတ်ထားပြီး ရိုက်ကွင်းပေါ်မှာ ပရိသတ်တွေနှင့်အတူ ဓာတ်ပုံတွဲရိုက်တာကိုလည်းတွေ့ခဲ့ရပေမယ့်
လတ်တလောမှာပြန်ပေါ်လာတဲ့ Twitter ကဓာတ်ပုံတွေကိုကြည့်ရတာ အရေးပါတဲ့ရိုက်ကူးရေးလုပ်နေပုံပါပဲ။




Harry ရဲ့ဆံပင်ကတော့ ကြည့်ကောင်းနေပေမယ့် တက်တူးတွေကိုတော့ ဖုံးကွယ်ထားပုံရပါတယ်။ Harry ရဲ့ အခန်းကဏ္ဍက မရှင်းလင်းသေးပေမယ့် ဒီဇာတ်ကားအတွက် အရမ်းကြိုးစားနေတယ်ဆိုတာ ထင်းရှားပါတယ်။

သူ့ရဲ့ပုံစံတစ်ခုလုံးကိုပြောင်းလဲလိုက်ပြီး စစ်သားတစ်ယောက်ရဲ့ဇာတ်ကောင်ကို လုံးဝထင်ဟပ်နေစေပါတယ်။

Harryရဲ့သရုပ်ဆောင်မှုကို အမြန်ဆုံးကြည့်ရှုနိုင်အောင် မကြာခင်မှာ trailer ထွက်လာပါစေလို့ပဲမျှော်လင့်ရမှာပါ။


( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : TeenVogue