EXO အဖွဲ့ဟာ ဇွန်လမှာ studio album အသစ်နှင့် ပရိသတ်ကြားထဲကို ပြန်လာမှာဖြစ်ပါတယ်။ ဂီတလောကထဲက အတွင်းသိတွေရဲ့ပြောကြားချက်အရတော့ EXO အဖွဲ့ဟာ ဇွန်လမှာ studio album အသစ်နှင့် ပရိသတ်ကြားထဲကို ပြန်လာဖို့ပြင်ဆင်နေဆဲဖြစ်ပါတယ်။\
အရင်က EXO အဖွဲ့က နွေရာသီမှာ ပရိသတ်ကြားထဲကို ပြန်လာဖို့ ဖျော်ဖြေပွဲတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။
EXO အဖွဲ့နောက်ဆုံးထွက်ရှိထားတဲ့ အယ်လ်ဘမ်ကတော့ အရင်နှစ်ကထွက်ရှိခဲ့တဲ့ “EXODUS” အယ်လ်ဘမ်ဖြစ်ပါတယ်။ အဖွဲဝင်တွေအကုန်လုံးက မအားလပ်တဲ့ အလုပ်ချိန်တွေကြားက ပရိသတ်တွေအတွက် အမြန်ဆုံးပြန်လာနိုင်ဖို့
ကြိုးစားထုတ်နေကြတယ်လို့လည်းပြောပါတယ်။
EXO အဖွဲ့က Studio album အသစ်နှင့်အတူ ဖျော်ဖြေပွဲတစ်ခုပြင်ဆင်နေတယ်လို့လည်း ကောလာဟာလတွေထွက်နေပါတယ်။
ဖျော်ဖြေပွဲပြုလုပ်ရေးအဖွဲ့တစ်ခုက “သေချာပေါက် အတည်မပြုရသေးပေမယ့် ဇွန်လလယ် ဒါမှမဟုတ် လကုန်ပိုင်းလောက်မှာ
ဖျော်ဖြေပွဲတစ်ခုလုပ်ဖို့ပြင်ဆင်နေပါတယ်” လို့ပြောပါတယ်။
( RII )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Soompi