Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Gal Gadot က Wonder Woman တစ်ကိုယ်တော်ဇာတ်ကား လက်စသတ်ရိုက်ကူးပြီးစီး

Gal Gadot က Wonder Woman တစ်ကိုယ်တော်ဇာတ်ကား လက်စသတ်ရိုက်ကူးပြီးစီး

| No comment

Gal Gadot က လာမည့် Wonder Woman တစ်ကိုယ်တော်ဇာတ်ကားကို ရိုက်ကူးပြီးစီးကြောင်း “ဒီနေ့ကတော့ Wonder Woman တစ်ကိုယ်တော်ဇာတ်ကားကို နောက်ဆုံးရိုက်ကူးတဲ့နေ့ပါ! အံ့အားသင့်ဖို့ကောင်းတဲ့၊ စိတ်လှုပ်ရှားဖို့ကောင်းတဲ့၊ အိပ်မက်ဆန်တဲ့၊ ပျော်ဖို့ကောင်းပြီး စိတ်ဝင်စားဖို့ကောင်တဲ့ ထာဝရအမှတ်ရနေမယ့် အတွေအကြုံတွေရရှိခဲ့ပါတယ်။ အံ့အားသင့်ဖို့ကောင်းတဲ့ သရုပ်ဆောင်များ၊ ရိုက်ကူးရေအဖွဲ့သားများ၊ ထူးကဲတဲ့ ဒါရိုက်တာ နှင့် ပါဝင်တဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်” လို့ Facebook မှာရေးသားခဲ့ပါတယ်။

နောက်ဆက်တွဲ ရုပ်ရှင်ထုတ်လုပ်ရေးပိုင်းကတော့ အချိန်ယူရဦမည့် ပုံပါပဲ။

 ဒါပေမယ့် Gadot ရဲ့ Wonder Woman အဖြစ်ပါဝင်ရမယ့် နောက်ထပ်တစ်ကားဖြစ်တဲ့ Justice League ဇာတ်ကားရဲ့ ထုတ်လုပ်ရေးပိုင်းကတော့ လုပ်နေတာ ၁လလောက်ရှိပါပြီ။ မင်းသမီးကိုတော့ ၂၀၁၇ ဇာတ်လမ်းအဆက်အတွက် လိုမယ့်ပုံပါပဲ။ သူက Ben Affleck၊ Henery Cavill၊ Ezra Miller၊ Ray Fisher နှင့် Jason Momoa တို့နှင့်အတူ Zack Synder ရဲ့ ဇာတ်ကားမှာပါဝင်ရမှာပါ။

Wonder Woman ဇာတ်ကားမှာပါဝင်တဲ့သူတွေကတော့ Chris Pine (Star Trek)၊ Robin Wright ( The Girl with the Dragon Tattoo.  Netflix’s “House of Cards”)၊ Danny Huston (Clash of the Titans, X-Men Origins: Wolverine)၊ David Thewlis (the “Harry Potter” films, The Theoty of Everything)၊ Ewen Bremner (Exodus: Gods And Kings)၊ Said Taghmaoui (American Hustle)၊ Elena Anaya (The Skin I Live In)၊ Connie Nieslen (Gladiator) နှင့် Lucy Davis (Shaun of the Dead) တို့ဖြစ်ပါတယ်။

Patty Jenkins ကရိုက်ကူးပြီး Charles Roven၊ Zack Synder၊ Debroah Synder တို့ထုတ်လုပ်ပြီး Richard Suckle၊ Stephen Jones၊ Wesley Coller၊ Geoff Johns နှင့် Rebecca Roven တို့က စီမံခန့်ခွဲ ထုတ်လုပ်ပါတယ်။
Wonder Woman ဇာတ်ကားကို ၂၀၁၇ ခုနှစ် ဇွန်လ ၂ ရက် မှာပြသမှာဖြစ်ပါတယ်။



( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Comingsoon