Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , သီချင်းတွေပြန်ဆိုဖို့ မဆိုဖို့ စိတ်နှစ်ခွဖြစ်ခဲ့ရတယ်ဆိုတဲ့ Greyson Chance

သီချင်းတွေပြန်ဆိုဖို့ မဆိုဖို့ စိတ်နှစ်ခွဖြစ်ခဲ့ရတယ်ဆိုတဲ့ Greyson Chance

| No comment

၂၀၁၀ ခုနှစ်မှာ Lady Gaga ရဲ့ “Paparazzi” ကိုသီဆိုရင်း အလျင်အမြန်အောင်မြင်လာပြီး၊ နောက်တစ်နှစ်မှာ ပွဲဦးထွက် Album ထွက်ရှိခဲ့ပြီး၊ Greyson Chance က အရွယ်ရောက်ကြီးပြင်းလာဖို့ ကာလကြာရှည် အနားယူခဲ့ပြီးနောက် သူ့ရဲ့အနုပညာကို ပြန်လည်ဆန်းသစ်လိုက်ပါတယ်။

၆ နှစ်ကြာပြီးတဲ့နောက် အခုအခါမှာတော့ အသက် ၁၈ နှစ်ရှိပြီဖြစ်တဲ့ အဆိုတော်ဟာ ဂီတလောကထဲကို တစ်ဖန်ပြန်လည်ဝင်ရောက်လာပါပြီ။

Fuse နှင့်အင်တာဗျူးမှာ Greyson က ဂီတလောကထဲကို တစ်ဖန်ပြန်လာဖို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်းကို ”ဒီကိစ္စကို ဖြေရှင်းဖို့
နည်းလမ်းတွေရှိခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ ကျွန်တော်စိတ်နှစ်ခွဖြစ်ခဲ့ရပါတယ်။ ‘ကောင်းပြီ။ မင်းကောင်းကောင်းလုပ်ခဲ့ပြီးပြီ။ Oklahoma ကိုပြန်ပြီး ပုံမှန်အတိုင်းနေလိုက်ရုံပဲ’ လို့တွေးခဲ့တယ်။ဒါပေမယ့်လည်း စိတ်ရှည်ရှည်ထားရင်း ဂီတထဲကိုစိတ်နှစ်ထားပြီ အချိန်ကောင်းနဲ့
အဖွဲ့ကောင်းကိုစောင့်နေခဲ့ပါတယ်” လို့ရှင်းလင်းပြောပြခဲ့ပါတယ်။

Greyson က အခုချိန်မှာ ဒုတိယမြောက် EP ဖြစ်တဲ့ “Somewhere Over My Head” ကို မေလ ၁၃ ရက်ကထွက်ရှိခဲ့ပါတယ်။ ဒါဟာ ဂီတလောကနှင့် နောက်တစ်ကြိမ် ပြန်မိတ်ဆက်လိုက်တာဖြစ်ပြီး Oklahoma ကနေ Los Angeles ကိုရွှေ့ပြောင်းရင်း တွေ့ကြုံခံစားခဲ့ရတဲ့ အိမ်ကိုလွမ်းတဲ့စိတ်နှင့် ရေးသားထားတယ်လို့ ရှင်းပြခဲ့ပါတယ်။



( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Fuse