Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , iTunes Worldwide Album Chart မှာ အမြင့်ဆုံးနေရာရ ကိုရီးယားအနုပညာရှင်ဖြစ်လာတဲ့ Girls’ Generation အဖွဲ့ဝင် Tiffany

iTunes Worldwide Album Chart မှာ အမြင့်ဆုံးနေရာရ ကိုရီးယားအနုပညာရှင်ဖြစ်လာတဲ့ Girls’ Generation အဖွဲ့ဝင် Tiffany

| No comment


Girls’ Generation အဖွဲ့ဝင်Tiffany က တစ်ကိုယ်တော်ပွဲဦးထွက်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ သူမကို လျှော့တွက်လို့မရဘူးဆိုတာကို ဂီတလောကကို ပြသခဲ့ပါတယ်။

Tiffany ရဲ့ ပထမဆုံးသော တစ်ကိုယ်တော် mini album “I Just Wanna Dance” ကို ခေါင်းစဉ်သီချင်းနှင့်အတူ မေလ ၁၁ရက်မှာထွက်ရှိခဲ့ပါတယ်။ ထွက်ပြီး ပြီးချင်းမှာပဲ အဲ့ဒီ mini albumဟာ ကိုရီးယားနိုင်ငံတွင်းမှာရှိတဲ့  အချိန်နှင့်တပြေးညီထွက်ရှိတဲ့ music chart ပေါင်းများစွာမှာ ထိပ်ဆုံးနေရာရရှိခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ကိုရီးယားစံတော်ချိန် နံနက် ၁၀ နာရီမှာ Worldwide iTunes Album Chart ရဲ့ နံပါတ် ၉ နေရာကိုရောက်ရှိခဲ့ပြီး ကိုရီးယားလူမျိုး အနုပညာရှင်တစ်ဦးအနေနှင့် ထိပ်ဆုံး ၁၀ ခုစာရင်းဝင်တဲ့ ပထမဆုံး album ဖြစ်လာပါတယ်။ လက်ရှိ chart မှာဝင်နေတဲ့သူတွေကတော့ Radiohead၊ Drake၊ Prince၊ Adele၊ Beyonce နှင့် Coldplay တို့ဖြစ်ပါတယ်။

သူမရဲ့ album ဟာ main iTunes album chart မှာ ထိပ်ဆုံးနေရာကို Hong Kong၊ Indonesia၊ Malaysia၊ Philippines၊ Singapore၊ Taiwan နှင့်Thailand တို့အပါအဝင် ၁၃ နိုင်ငံမှာ ရရှိထားပါတယ်။ တစ်ချိန်ထဲမှာပဲ  iTunes Top 200 Albums Chart မှာ နံပါတ် ၁၉ နေရာရရှိထားရာမှ လက်ရှိမှာ နံပါတ် ၁၇ နေရာကို တက်လာပါတယ်။

Tiffany က တစ်ကိုယ်တော်ပွဲဦးထွက်ဖျော်ဖြေမှုကို Mnet ရဲ့ “M!Countdown” အစီအစဉ်မှာ  မေလ ၁၁ ရက်ကပြုလုပ်ခဲ့ပါတယ်။


( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Soompi