Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Lady Gaga က LeToya Luckett ၏ ဇာတ်ကားအသစ်တွင် Luckett နှင့်အပြိုင်ပါဝင်မည်

Lady Gaga က LeToya Luckett ၏ ဇာတ်ကားအသစ်တွင် Luckett နှင့်အပြိုင်ပါဝင်မည်

| No comment

Lady Gaga ဟာ အသားတွေနှင့် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ပေါ့အဆိုတော်ကနေ ရွှေကမ္ဘာလုံးဆုရသရုပ်ဆောင်အဖြစ် ပြောင်းလဲခဲ့တာ အံ့အားသင့်စရာအပြည့်ပါ။ သူမရဲ့ နောက်ဆုံးလှုပ်ရှားမှုကလဲ ဒီလိုပါပဲ။

R&B နှင့် POP အဆိုတော် Dionne Warwick အကြောင်းရိုက်ကူးထားတဲ့ အတ္ထုပ္ပတိ ရုပ်ရှင်ဇာတ်ကားမှာ Gaga က ဗြိတိသျှအဆိုတော် Cilla Black အဖြစ်ပါဝင်မှာဖြစ်ကြောင်း Variety သတင်းပို့ပါတယ်။ Black ပြန်ဆိုထားတဲ့ Warwick ရဲ့ “Anyone Who Had a Heart” သီချင်းရဲ့အောင်မြင်မှုက မူရင်းသီချင်း ရဲ့အောင်မြင်မှုကို လွှမ်းမိုးသွားတဲ့နောက်မှာတော့ Black ဟာWarwick ရဲ့ သက်တမ်းရှည်ကြာတဲ့ ဂီတပြိုင်ဘက်ဖြစ်လာပါတယ်။

Warwick အဖြစ် Destiny’s Child အဖွဲ့ဝင် LeToya Luckett ကသရုပ်ဆောင်မှာပါ။ ဒီအတ္ထုပ္ပတိ ရုပ်ရှင်ဇာတ်ကားကို ၂၀၁၆ ခုနှစ် ကိန်းရုပ်ရှင်ပွဲတော်မှာ သောကြာနေ့ နံနက်ကကြေညာခဲ့တာပါ။ Black ကို ဘာကြောင့် ပြိုင်ဘက်အဖြစ်သဘောထားသလဲလို့ မေးတဲ့အခါမှာတော့ “သူက ကျွန်မရဲ့သီချင်းကို ခိုးတာကိုး” လို့ Warwick ကဖြေခဲ့ပါတယ်။

Warwick ရဲ့ကိုယ်တိုင်ရေးအတ္ထုပ္ပတိကို အခြေခံထားတဲ့ ဒီအတ္ထုပတ္တိ ရုပ်ရှင်ဇာတ်ကားမှာ ၁၉၆၀ ခုနှစ်တွေက သူမရဲ့ အနုပညာသက်တမ်းအစောပိုင်းအကြောင်း ပါဝင်မှာပါ။ Dionne လို့ အစမ်းအမည်ပေးထားတဲ့ ဒီဇာတ်ကားမှာ Olympia Dukakis နှင့် Danny Glover တို့လည်းပါဝင်မှာပါ။

( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : MTဠ