Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ထိုင်ဝမ်ပြည်ဝင်ခွင့် ပိတ်ခံရတဲ့ Luhan

ထိုင်ဝမ်ပြည်ဝင်ခွင့် ပိတ်ခံရတဲ့ Luhan

| No comment



Luhan ဟာ ၅ နှစ်အတွင်း ထိုင်ဝမ်ပြည်ဝင်ခွင့် တရားဝင်ပိတ်ခံရကြောင်း မကြာသေးခင်ကဖော်ပြခဲ့ပါတယ်။

Luhan ဟာ ထိုင်ဝမ်တွင်းသို့ tourist visa နှင့်ဝင်ရောက်ပြီး တရုတ် variety show “Back to School” အစီအစဉ်ကိုရိုက်ကူးခဲ့တာကြောင့်
ပြဿနာတက်နေကြောင်း တရုတ်နိုင်ငံရဲ့ မီဒီယာတွေက သတင်းပို့ခဲ့ပါတယ်။ Tourist visa နှင့် အလည်အပတ်ရောက်ရှိနေတဲ့ နိုင်ငံတွင်းမှာ
အလုပ်လုပ်ခြင်းကိုတားမြစ်ထားပါတယ်။

သတင်းပို့ချက်တွေအရ ထိုင်ဝမ်ရဲ့ Immigration Office က “Luhan ရဲ့ tourist visa နှင့်ဝင်ရောက်လာပြီး ရိုက်ကူးရေးလုပ်တဲ့ အပြုအမူဟာ
စည်းကမ်းဖောက်ဖျက်တာပါ။ အခုတော့ Luhan က ၅ နှစ်အတွင်း tourist visa နှင့် ထိုင်ဝမ်ကို ဝင်ရောက်ခွင့်မရှိပါဘူး။ ဒါပေမယ့် ၂ နှစ်ကျော်သွားရင်တော့ Work visa လျှောက်ခွင့်ရှိပါတယ်” လို့ပြောပါတယ်။

“Back to School” အစီအစဉ်ကတော့ ကိုရီးယားရဲ့ “Off To School” အစီအစဉ်ကို တရုတ်လိုရိုက်ကူးထားတာပါ။ သရုပ်ဆောင် ၈ ယောက်နှင့် ဝန်ထမ်း ၁၀ ယောက်ကိုလည်း Tourist visa နှင့်အလုပ်လုပ်ခြင်းအတွက် တူညီတဲ့အပြစ်ဒဏ်ပေးခဲ့ပါတယ်။ အစီအစဉ်ပြုလုပ်သူတွေက
သူတို့အမှားအတွက်တောင်းပန်ခဲ့ပြီး အတွေအကြုံမရှိမှုအတွက်သင်ခန်းစာရရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“Back to School” အစီအစဉ်ကို ဇွန်လထဲမှာ ထုတ်လွှင့်သွားမှာပါ။

( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Soompi