ပြီးခဲ့တဲ့လက ရိုက်ကွင်းမှာ မတော်တဆမှုဖြစ်ပြီး ဒဏ်ရာရခဲ့တဲ့ ခေါင်းဆောင်မင်းသား Dylan O’Brien ရဲ့ဒဏ်ရာဒဏ်ချက်တွေ
လုံးဝပျောက်ကင်းသက်သာသွားတဲ့အထိ 20th Century Fox ရဲ့ Maze Runner: The Death Cure ထုတ်လုပ်ရေးကို ရက်အကန့်အသတ်မရှိရွှေ့ဆိုင်းလိုက်ပါတယ်။
Dylan O’Brien ဟာ သက်သာစပြုနေပြီဖြစ်ပေမယ့် မူလကခန့်မှန်းထားတဲ့ ရက်သတ္တပတ် (၆) ပတ်ထက်တော့ ပိုကြာမယ်လို့မျှော်လင့်ရပါတယ်။ Death Cure ဇာတ်ကားကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်မှာထွက်ရှိဖို့ စီစဉ်ထားတဲ့ အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီ မကြာခင်မှာ ရက်စွဲအသစ်ကြေညာမယ်လို့မျှော်လင့်ရပါတယ်။
“Maze Runner: The Death Cure ဆက်လက်ရိုက်ကူးရေးကို Dylan O’Brien ရဲ့ဒဏ်ရာဒဏ်ချက်တွေ လုံးဝပျောက်ကင်းသက်သာသွားတဲ့အထိ ရွှေ့ဆိုင်းလိုက်ပါတယ်။ Dylan အလျင်အမြန်သက်သာဖို့အတွက် ဆုတောင်းပြီး
ထုတ်လုပ်ရေးကို တက်နိုင်သလောက်အမြန်းဆုံးပြန်စဖို့ စောင့်မျှော်နေပါတယ်” လို့ တရားဝင်ကြေညာချက်မှာ ရေးသားထားပါတယ်။
“သူက ကောင်းကောင်းမွန်မွန် ကုစားနေပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းကကုသမှုခံယူထားပါတယ်။ သူကတော်တော်အကြမ်းခံပါတယ်။ မတော်တဆမှုဖြစ်တာကိုမြင်လိုက်တဲ့သူတွေကတော့ ပြီးပြီလို့ထင်ကြမှာပါ။ ဒါပေမယ့် သူကတော့
သေကံမရောက်ခဲ့ပါဘူး။ ကျွန်တော့် အထင် Dylan ရဲ့ကောင်းတဲ့အချက်ကတော့သူကအကောင်းမြင်တတ်တော့ ကျွန်တော်အတူ အချိန်ဇယားအတိုင်း အမြန်ဆုံး ပြန်လှုပ်ရှားနိုင်မှာပါ” လို့ အတူတွဲဖက် သရုပ်ဆောင်တဲ့ Giancarlo
Esposito က E! ကို မကြာသေးခင်ကပြောကြားခဲ့ပါတယ်။
အရင်ဇာတ်ကား ၂ ကားလိုပဲ Maze Runner: The Death Cure ကို James Dashnerရဲ့ ဝတ္ထုကို T.S. Nowlin ကဇာတ်ညွှန်းရေးသားပြီး Wes Ball ကရိုက်ကူးမှာပါ။ ၂၀၁၄ ခုနှစ်က The Maze Runner နှင့် ၂၀၁၅ ခုနှစ်က The Maze Runner: Scorch Trials တို့ရဲ့ အဖြစ်အပျက်တွေရဲ့ နောက်ဆက်တွဲကို ရိုက်ကူးထားပြီး Thomas Brodie-Sangster၊ Rosa Salazar၊ Ki Hong Lee
နှင့် Dexter Darden တို့က အတူတွဲဖက် သရုပ်ဆောင်ထားပါတယ်။
( RII )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Coming Soon