Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Met Gala မှာ လေဒီဂါဂါနဲ့ တွေ့ဖို့ကြိုးစားခဲ့တဲ့ ကေတီပယ်ရီ

Met Gala မှာ လေဒီဂါဂါနဲ့ တွေ့ဖို့ကြိုးစားခဲ့တဲ့ ကေတီပယ်ရီ

| No comment


Katy Perry (ကေတီပယ်ရီ) ကတော့ Met Gala Fashion ပွဲမှာ Lady Gaga (လေဒီဂါဂါ)ရဲ့ ဖက်ရှင်ကို တွေ့မြင်နိုင်ဖို့ ကြိုးစားခဲ့တယ်လို့  ၀န်ခံထားပါတယ်။
တနင်္လာနေ့ အခမ်းအနားမစခင် အင်တာဗြူးတစ်ခုမှာ “ Dark Horse “ သီချင်းအဆိုတော်က ဖက်ရှင်နဲ့ နည်းပညာပေါင်းစပ်ပြသထားတဲ့ ဒီပွဲမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။

 “ ဒီပွဲမှာ လူတွေအတော်များများ လာကြမှာကို ကျွန်မသိပါတယ်။ မလာရင် ၂၀၁၀ ခုနှစ်လောက်မှာလို ခေတ်နောက်ကျကျန်နေခဲ့မှာပေါ့” လို့ ရယ်စရာပြောခဲ့ပါတယ်။” ပြီးတော့ “ ဒီလို ပွဲမျိုးကို ဒရုန်းယာဉ်နဲ့ Gaga လာမှာ သေချာတယ်လေ” လို့ ဆက်လက်ပြောကြားသွားပါတယ်။

တနင်္လာနေ့ညမှတော့ ကေတီ နဲ့ လေဒီဂါဂါ တို့က ဖက်ရှင်ဒီဇိုင်း အပြိုင်အဆိုင်နဲ့ တက်ရောက်ခဲ့ကြပါတယ်။ ပယ်ရီက Tamagachi အရုပ်တွေနဲ့ အပြည့်အလှဆင်ထားတဲ့ အနက်ရောင် ဂါဝန်ရှညိကို ၀တ်ဆင်ခဲ့တာဖြစ်ပြီး လေဒီဂါဂါကတော့ သတ္တုစပ် ကုတ်အင်္ကျီတိုကို သူစီးနေကျ စတိုင်ဖြစ်တဲ့ ခုံထူးဒေါက်ဖိနပ် အမြင့်ကြီးစီးလာ ခဲ့တာဖြစ်ပါတယ်။ 

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI