Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , , ဂျနီဖာလောရင့်စ်က ဆန်ဒရာဘူးလော့ခ်နဲ့အတူ Ocean’s Eleven ဇာတ်ကားသစ်မှာ ပါဝင်နိုင်ဖွယ်ရှိ

ဂျနီဖာလောရင့်စ်က ဆန်ဒရာဘူးလော့ခ်နဲ့အတူ Ocean’s Eleven ဇာတ်ကားသစ်မှာ ပါဝင်နိုင်ဖွယ်ရှိ

| No comment

အော်စကာဆုရှင် မင်းသမီး Jennifer Lawrence (ဂျနီဖာလောရင့်စ်) (Hunger Games, X-Men, Silver Lining Playbook ဇာတ်ကားတွေနဲ့ အောင်မြင်မှုတွေ ရရှိထားတဲ့ မင်းသမီး) က Warner Bros’ က ရိုက်ကူးပြီး အမျိုးသမီးသရုပ်ဆောင်တွေသာပါဝင်မယ့် ပြန်လည်ဆန်းသစ်ထားတဲ့ Ocean’s Eleven ဇာတ်ကားသစ်မှာ အော်စကာဆုရှင် Sandra Bullock (ဆန်ဒရာဘူးလော့ခ်) (Gravity, The Blind Side ဇာတ်ကားတွေနဲ့ အောင်မြင်မှုရရှိခဲ့သူ) နှင့်အတူပါဝင်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ဒီဇာတ်ကားမှာ လောရင့်သာ အမှန်တကယ်ပါဝင်မယ်ဆိုရင်တော့ Hunger Games ဇာတ်လမ်းမှာ အတူလက်တွဲခဲ့ဖူးတဲ့ ဒါရိုက်တာ Gary Ross
နှင့်ပြန်လည်ဆုံဆည်းစေမှာပါ။ ကြည့်ရတာကတော့ ဒီဇာတ်ကားဟာ George Clooney (ဂျော့ခ်ျကလူနီ) ခေါင်းဆောင်ပါဝင်ထားတဲ့ ဇာတ်ကားရဲ့အဆက်ဖြစ်ပြီး ဘူးလော့ခ်က Danny Ocean ရဲ့ ညီမ လူလိမ်ဟောင်း အဖြစ်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

သူမရဲ့ ညာလက်ရုံးအနေနဲ့တော့ J Law က ပါဝင်သွားမှာဖြစ်ပြီး ( ဂျော့ခ်ျကလူနီ၏ ဇာတ်ကားတွင် ဘရက်ပစ်က ညာလက်ရုံးအဖြစ် သရုပ်ဆောင်ခဲ့) ၊ ဂျနီဖာလောရင့်စ်ရဲ့ အကူအညီနှင့်အတူ Met Ball ပြတိုက်ပိုင်ရှင် ဗီလိန်ကို အကွက်ဆင်ဖို့အတွက် ဆွဲကြိုးကိုခိုးယူဖို့ သူခိုးအဖွဲ့ဖွဲ့စည်းမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဆောင်းဦးရာသီမှာ စတင်ရိုက်ကူးမယ်လို့ ခန်းမှန်းရပါတယ်။

Ocean’s Eleven ဇာတ်ကားတွဲကို ပြန်လည်ရိုက်ကူတဲ့ Steven Soderbergh က ထုတ်လုပ်သူ George Clooney နှင့် ကွယ်လွန်သူ Jerry Weintraub နှင့်အတူ ၂၀၁၄ ခုနှစ်ကတည်းက ပြန်လည်ဆန်းသစ်ဖို့ ဇာတ်လမ်းတည်ဆောက်နေတာဖြစ်ပြီး Olivia Milch (Queen & Country, Little Women) ကဇာတ်ညွှန်းရေးသားမှာပါ။

Ocean’s ဟာ အောင်မြင်တဲ့ဇာတ်လမ်းတွဲဖြစ်ပြီး ၁၉၆၀ ခုနှစ်က Rat Pack ခေါင်းဆောင်ပြီး Frank Sinatra၊ Dean Martin နှင့် Sammy Savis Jr. တို့ပါဝင်တဲ့ မူရင်း Ocean’s 11 ကစတင်ခဲ့တာပါ။

Ross က လက်ရှိမှာ ဇွန်လ ၂၄ ရက်မှာထွက်မည့် Matthew McConaughey ပါဝင်တဲ့ Free State of Jones ဇာတ်ကားကို လက်စသတ်နေပါတယ်။ ဂျနီဖာလောရင့်စ်ကိုတော့ ဒီလမှာထွက်မယ့် စူပါဟီးရိုးဇာတ်ကား X-Men: Apocalypse နှင့် Si-fi
စိတ်ကုးယဉ်ဇာတ်လမ်း Passengers မှာ Chris Pratt နှင့်အတူ ဒီ ခရစ်စမတ်မှာ တွေ့မြင်ရမှာဖြစ်ပါတယ်။


( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Comingsoon