1D ကအဖွဲ့လိုက်အနားယူမယ်လို့သိရကတည်းက ပရိသတ်တွေအတွက် စိတ်ဖြေစရာကတော့ အဖွဲ့ဝင်တွေက တစ်ကိုယ်တော်လှုပ်ရှားမှုတွေလုပ်မယ်ဆိုတာပါပဲ။ Zayn ကလွဲပြီးတော့ တခြားသူတွေရဲ့ လှုပ်ရှားမှုကိုတော့ သိပ်မတွေ့ရသေးပါဘူး။
ဒါပေမယ့်လည်း Niall Horan က Harry Styles နှင့်အတူ သူ့ကိုယ်ပိုင် တစ်ကိုယ်တော် album အတွက် သီချင်းကြိုးစားရေးနေတယ်ဆိုတာ
အတည်ပြုလိုက်တဲ့အတွက် အခြေနေတွေပြောင်းလဲလာတော့မှာပါ။
Refinery29 ရဲ့သတင်းပို့ချက်အရ တေးရေးဆရာ Wayne Hector က The Daily Star ကို သူနှင့် Niall အတူလုပ်နေကြောင်းကို “ကျွန်တော်တို့
သီချင်းအတူရေးဖြစ်ပေမယ့် သူကအခုချိန်မှာ သူများအတွက်မဟုတ်ပဲ သူကိုယ်တိုင်အတွက်ပဲလုပ်ချင်နေပါတယ်။ ဘယ်နေရာမှာ အဆုံးသတ်မလည်းတော့ မသိသေးပါဘူး” လို့ပြောပါတယ်။
သူက BBC Newsbeat ကိုလည်း Niall က ဂီတနှင့်ပတ်သက်ပြီး ပါရမီပါကြောင်းနှင့် ဂီတာတီးအရမ်းတော်သူုဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ သီချင်းတွေထွက်လာတဲ့အထိ စောင့်ကြည့်ရမှာပါ။
( RII )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : TeenVogue