Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , တစ်ကိုယ်တော်သီချင်းအတွက် ပြင်ဆင်နေတာ နှစ်အတော်ကြာပြီဖြစ်တဲ့ One Direction အဖွဲ့ဝင် ဟာရီစတိုင်

တစ်ကိုယ်တော်သီချင်းအတွက် ပြင်ဆင်နေတာ နှစ်အတော်ကြာပြီဖြစ်တဲ့ One Direction အဖွဲ့ဝင် ဟာရီစတိုင်

| No comment

Harry Styles (ဟာရီစတိုင်လ်) က One Direction အဖွဲ့အတွက်သာမက Ariana Grande နှင့် Alex & Sierra တို့လို အဆိုတော်တွေအတွက်ပါ သီချင်းရေပေးတယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။ အခုတော့ Snow Patrol အဖွဲ့ဝင် Johnny McDaid က Harry Styles ဟာ တစ်ကိုယ်တော်သီချင်းအတွက် ပြင်ဆင်နေတာ နှစ်တော်ကြာပြီလို့ပြောပါတယ်။

Harry နဲ့ Johnny တို့ဟာ အရင်က “Already Here” နှင့် “This Is The Start” သီချင်းတို့ကို အတူရေးသားဖူးပါတယ်။ အဲ့ဒီသီချင်းတွေက တစ်ကိုယ်တော်သီချင်းတွေအဖြစ် ရည်ရွယ်ခဲ့တာဖြစ်ကြောင်း Johnny ကပြောပါတယ်။

Snow Patrol အဖွဲ့ဝင် စန္ဒရားနှင့် ဂီတာတီးသုက “ကျွန်တော် Harry နဲ့ခင်တာကြာပါပြီ။ သီချင်းတွေအများကြီးအတူ ရေးဖူးပါတယ်။ Harry ကတကယ့်ကို သီချင်းတွေအများကြီးရေးနိုင်တဲ့ အနုပညာရှင်ဖြစ်ပြီး အရမ်းပါရမီရှိတဲ့သူပါ။ သူက အရမ်းကိုစစ်မှန်ပြီး အသံလည်းကောင်းတော့ ကျွန်တော့်တို့ သီချင်းတွေအများကြီး ရေးဖြစ်ပါတယ်။ ကျွန်တော့်တို့ သီချင်းတွေ အတူရေးဖြစ်တာ နှစ်အတော်ကြာပါပြီ။ သူအခုချိန်မှာ ဘယ်လိုအသံထွက်နေတယ်ဆိုတာကို ကြားရတာ အရမ်းစိတ်လှုပ်ရှားမိပါတယ်။ သူ့သီချင်းတွေထွက်လာရင် အားလုံးအရမ်းလန့်သွားကြမှာပါ” လို့ Press Association ကိုပြောပါတယ်။

ဒါဆိုရင် Harry ရဲ့သီချင်းတွေကို မကြာခင်ကြားရတော့မှာလား? “မကြာခင်ကြားရမလား၊ ဘယ်လောက်ကြားမှ ကြားမလဲတော့မသိသေးပါဘူး” Johnny ကထပ်ပြောပါတယ်။

“ဒါပေမယ့် Harry က အရမ်းကိုထူခြားတဲ့ပုံစံတွေ လုပ်ပြမယ်လို့ထင်ပါတယ်။ ကျွန်တော် ကြားရတာတော့ လွင့်ထွက်သွားရလောက်အောင် ကောင်းပါတယ်။ ကျွန်တော်တို့ ပြောက်ကျားစနစ်နဲ့ လုပ်ဖြစ်ပါတယ်။ ကျွန်တော်နဲ့ Harry အသံသွင်းခန်ထဲကို တစ်ခါမှအတူမသွားဖူးပါဘူး။

ကျွန်တော့်ညအိမ် ဒါမှမဟုတ် သူ့အိမ်မှာတွေ့လေ့ရှိတယ်။ မဟုတ်ရင်လည်း တစ်နေရာရာမှာတွေ့ပြီး ဧည့်ခန်းထဲမှာ နေရာချကြတယ်။ ကျွန်တော်တို့ကတော့ အဲ့ဒီလိုလုပ်ရတာသဘောကျပါတယ်။ ဒီလိုဆိုရင် အစားအသောက်တွေလည်းမှာစားပြီး အကြံဉာဏ်တွေလည်းထုတ်လို့တာပေါ့” လို့ပြောပါတယ်။



( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Sugarscape