Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Power Rangers ဇာတ်ကားအတွက် ဝတ်စုံသစ်များ ထွက်ရှိ

Power Rangers ဇာတ်ကားအတွက် ဝတ်စုံသစ်များ ထွက်ရှိ

| No comment


ပြန်လည်ဆန်းသစ်ထားတဲ့ Power Rangers ဇာတ်ကားအတွက် Power Rangers ဝတ်စုံသစ်များကို Entertainment Weekly က ပထမဆုံးဖော်ပြခဲ့ပါတယ်။

“စူပါဟီးရိုး ဝတ်စုံသစ်ရှာရတာ ခက်ခဲပါတယ်။ ကျွန်တော်တို့ရဲ့ဝတ်စုံကတော့ ဂြိုဟ်သားဝတ်စုံပါ။ လူသားပြုလုပ်ထားတာမဟုတ်ပါဘူး။
လူတိုင်းသဘောကျအောင်တော့ မလုပ်နိုင်ပေမယ့် ပိုပြီးရင့်ကျက်တဲ့ပရိသတ်တွေကို ဆွဲဆောင်နိုင်အောင်နဲ့
ပရိသတ်အသစ်တွေတိုးလာအောင် ကြိုးစားနေပါတယ်”  လို့ ထုတ်လုပ်ရေးဒီဇိုင်နာ Andrew Menzies (G.I Joe: Retaliation) က မဂ္ဂဇင်းကို ပြောပြပါတယ်။

Saban ရဲ့ Power Rangers ဇာတ်ကားမှာ ကမ္ဘာကြီးနှင့် သူတို့ရဲ့ Angel Grove မြို့လေးကို ဂြိုဟ်သားတွေဖျက်ဆီးခြင်းရန်မှ ကာကွယ်နိုင်ရန်
သာမန်အထက်တန်းကျောင်းသားလေး ၅ ယောက်က သာမန်ထက်သာလွန်သူတွေဖြစ်လာရမည့်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။
ကံကြမ္မာရဲ့ရွေးချယ်မှုအရ သူရဲကောင်းတွေဟာ ကမ္ဘာကြီးကို ကယ်တင်နိုင်တာ သူတို့ပဲရှိတယ်ဆိုတာကို အလျင်အမြန်သဘောပေါက်လာပါတယ်။

ဒါပေမယ့် ဒီလိုလုပ်နိုင်ဖို့အတွက် သိပ်နောက်မကျခင်မှာ သူတို့ကိုယ်ပိုင်ဘဝထဲက ပြဿနာတွေကိုအရင်ကျော်လွှားပြီး Power
Rangersတွေအဖြစ်အတူပူပေါင်းဆောင်ရွက်ကြရမှာပါ။

Power Rangers ဇာတ်ကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ Jason အနီရောင် Ranger အဖြစ် Dacre Montgomery (A Few Less Man) ၊ Billy အပြာရောင် Ranger အဖြစ် RJ Cyler (Me and Earl and the Dying Girl) ၊ Kimberly
ပန်းရောင် Ranger အဖြစ် Naomi Scott (The 33) ၊ Trini အဝါရောင် Ranger အဖြစ် Becky G (Empire) ၊ Zack အနက်ရောင် Ranger အဖြစ် Ludi Lin (Monster House) ၊ Rita Repulsa အဖြစ် Elizabeth Banks (Pitch perfect, The Hunger
Games franchise) တို့ဖြစ်ပါတယ်။

ဒါရိုက်တာ Dean Israelite (Project Almanac) ရိုက်ကူးမည့် Power Rangers ဇာတ်ကားကို John Gatins (Kong: Skull Island, Ral Steel) ၊Burk Sharpless ၊Matt Sazama (Dracula Untold)၊ Zack Stentz ၊Ashley Miller (X-Men:
First Class, Thor)၊ Max Landis (Chronicle) တို့က ဇာတ်ညွှန်းရေးသားထားပါတယ်။

ထုတ်လုပ်သူတွေကတော့ Power Rangers ရဲ့ဖန်တီးသူတွေဖြစ်တဲ့ Haim Saban ၊Brian Casentini ၊Wyck Godfrey ၊Marty
Bowen (The Twilight Saga, The Fault in Our Stars, The Maze Runner
franchise) တို့ဖြစ်ပါတယ်။

ယခု Vancouver မှာ ရိုက်ကူးနေတဲ့ Power Rangers ဇာတ်ကားသစ်ကို ၂၀၁၇ ခုနှစ် မတ်လ ၂၄ ရက်မှာ ရုံတင်မှာဖြစ်ပါတယ်။

( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Superherohype